အိမ်မဲမြို့နယ် လောကမာရဇိန်စေတီတော်ထီးတော်တင်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ပါဝင်ကုသိုလ်ပြုလှူဒါန်း

 

အိမ်မဲ ဒီဇင်ဘာ ၂၃

အိမ်မဲမြို့နယ် ပါရမီဒေါင့် ကျေးရွာအုပ်စုဓမ္မသုခကျောင်းတိုက် ဆရာတော် ဦးဝေပုလ္လ ဦးဆောင် တင်လှူပူဇော်သည့်လောကမာရဇိန် စေတီတော်ထီးတော်တင်လှူပူဇော် ပွဲနှင့် ဘုရားအနေကဇာတင်ပွဲကို ယမန်နေ့ နံနက် ၆နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှလှူဒါန်း သော ရွှေထီးတော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်ဇနီးမှ လှူဒါန်းသော အရံရွှေထီးတော် တစ်စုံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇွဲမာန်လွင်နှင့်ဇနီးဒေါ်ခိုင်ဇာ ဝင်းကလှူဒါန်းသော ရွှေထီးတော် တစ်စုံတို့ကို မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှအတွင်းရေးမှူး ဦးဇွဲမာန် လွင်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကြည်လှိုင်၊အရန်ပါတီကော်မတီ ဝင်များဖြစ်ကြသည့် ဦးကျော်သူရ ဦးနှင့် ဒေါ်မေနဒီနှင်း၊ ပါရမီဒေါင့် ကျေးရွာမှပါတီဥက္ကဋ္ဌနှင့် လူငယ် အဖွဲ့ဝင်များကတက်ရောက်လှူဒါန်း ပူဇော်ပြီး ပါတီဝင်လူငယ်ရေးရာ အဖွဲ့ဝင်ကိုလျှမ်းထက်နှင့် အဖွဲ့ဝင် များက ထီးတော်နှင့် စိန်ဖူးတော် များအား ထီးဖြူများမိုးပေးခြင်းနှင့် အခြားလိုအပ်သည့်နေရာများတွင် ပါဝင်ဖြည့်စွက်လုပ်အား ဒါနပြု ခဲ့ကြောင်း သိရသည်။

ကျော်သူရဦး(အိမ်မဲ)