ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အေးချမ်းသာယာရပ်ကွက်ရှိ ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ဝေါ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး  ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ ဦးမောင်ယုနှင့် အဖွဲ့သည် အေးချမ်းသာယာရပ်ကွက်ရှိ ပါတီဝင်များနှင့် နိုဝင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် မြို့နယ်ပါတီဥက္ကဌမှ ပါတီဗဟိုညီလာခံအတွေ့အကြုံ မိမတို့ပါတီပြုပြင်ပြောင်းလဲမှု မြို့နယ် ပါတီလှုပ်ရှားဆောင်ရွှက်နေမှု၊ တိုင်းဒေသကြီးပါတီဥက္ကဌ၏ လမ်းညွန်မှာကြားချက်များ မြေပြင်ပါတီဝင်များ စုစည်းရရှိစေရေး မိမိတို့အားဝန်းရံအားပေးထောက်ခံသူများ ပါတီအမာခံများအား စုစည်းထားနိုင်ရေး PR စနစ် အကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်းခဲ့သည်။

ရှင်းလင်းချက်များအပေါ်ပါတီဝင်များမှ မိမိတို့သိရှိလိုသောပါတီ၏ လုပ်ငန်းစဉ်ကိစ္စရပ်များ အခက်အခဲများ ပါတီ၏ ပြုပြင်ပြောင်းလဲမှုအခြေနေ မြေပြင်တွင် ရင်ဆိုင်နေသောအခက်အခဲများအား တင်ပြခဲ့ပြီး တင်ပြမှုများအပေါ် မြို့နယ်ပါတီဥက္ကဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွှက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းဒေသကြီးပါတီဥက္ကဌ၏ လမ်းညွန်မှာကြားချက်များအတိုင်း သုံးလတာ ရက်(၉၀)စီမံချက်အား မိမိတို့မြို့နယ်ပါတီအနေဖြင့် ရာနှုန်းပြည့် စီမံဆောင်ရွှက်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ပါတီခေါင်းဆောင်များ ပါတီအမာခံတာဝန်ရှိသူများ ရေးရာကဏ္ဍအလိုက်ရပ်/ကျေးပါတီ တာဝန်ရှိများဖြင့် စဉ်ဆက်မပြတ် ထိတွေ့စည်းရုံးစုစည်းလျှက်ရှိသည်။