လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

လှည်းကူး အောက်တိုဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို လှည်းကူးခရိုင် ပါတီရုံးအစည်းအဝေးခန်းမတွင် (20-10-2022) ရက်နေ့ နံနက်(9:30)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါတီဗဟိုအရံကော်မတီဝင်ဦးမင်းသူထွန်း၊  ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ဗဟိုအရံကော်မတီဝင် ဦးမင်းသူထွန်းက တတိယအကြိမ် ဗဟိုပါတီညီလာခံ အတွေ့အကြုံကို ရှင်းလင်းတင်ပြခြင်း၊   ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်မှ ရွေးကောက်ပွဲ PR စနစ် အကြောင်း ရှင်းလင်းခြင်းနှင့် ပါတီဝင်များ လိုက်နာကြရမည့်ကျင့်ဝတ်များကို ရှင်းလင်းမှာကြားပြီး အခမ်းအနားကို မွန်းလွဲ (12:30) အချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။