အီလွန်မာ့စ်ထံ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့်ရောင်းချမှုကို တွစ်တာရှယ်ယာရှင်များအတည်ပြု

အီလွန်မာ့စ်ထံ ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ရောင်းချရေးအစီအစဉ်ကို တွစ်တာရဲ့ ရှယ်ယာရှင်တွေက အတည်ပြုမဲပေးခဲ့ကြပြီး သူတို့ရဲ့ ဆန်ဖရန်စစ္စကို ရုံးချုပ်ကနေ ရှယ်ယာရှင်တွေဆီ ဗီဒီယိုကွန်ဖရင့် ခေါ်ဆိုပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒါက တွစ်တာကို အီလွန်မာ့စ်က ဝယ်ယူရေး အထမြောက်စေရန် ကုမ္ပဏီက တရားရုံးတွေကနေ လုပ်ဆောင်ရမယ်ဆိုတာကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန့်မာ့စ်ထံရောင်းချဖို့ တွစ်တာက ဧပြီလတုန်းက သဘောတူခဲ့ပါတယ်။ ဒါပေမယ့်လည်း တွစ်တာပေါ်က အစစ်အမှန်မဟုတ်တဲ့ အကောင့်အရေအတွက်နဲ့ ပတ်သက်လို့ အမှန်အတိုင်းပြောကြားမခံရဘူးလို့ အီလွန်မာ့စ်က‌ ပြောကြားခဲ့ပြီးတဲ့နောက်မှာ သဘောတူညီမှု ပျက်မလို ဖြစ်လာခဲ့ပါတယ်။

တွစ်တာကို မဝယ်ချင်တော့ကြောင်း မစ္စတာ အီလွန်မာ့စ်က မေလမှာ ပြောကြားခဲ့ပေမယ့် ဝယ်ယူမှုကို နောက်ဆုတ်လို့မရတော့ဘူးလို့ တွစ်တာက မာ့စ်ကို ပြောကြားခဲ့ပါတယ်။

နေ့စဉ်သုံးစွဲပြီး ကြော်ငြာကြည့်သူ အရေအတွက်ရဲ့ ငါးရာခိုင်နှုန်းအောက်သာ အကောင့်အတုတွေဖြစ်တယ်လို့ တွစ်တာက ပြောကြားခဲ့ပြီး အဲဒီအရေအတွက်ထက် အဆပေါင်းများစွာပိုများတယ်လို့ အီလွန်မာ့စ်က စောဒက တက်ပါတယ်။

တွစ်တာရဲ့ လတ်တလောတန်ဖိုးက ကန်ဒေါ်လာ ၃၂ ဘီလီယံလောက်ရှိမယ်လို့ ခန်းမှန်းကြပြီး အီလွန်မာ့စ် ကမ်းလှမ်းထားတဲ့ ၄၄ ဘီလီယံထက် များစွာနည်းပါးပါတယ်။

တွစ်တာနဲ့ အီလွန်မာ့စ်က အောက်တိုဘာလမှာ ဒီလာဝဲလ်ပြည်နယ်က တရားရုံးမှာ ရင်ဆိုင်ကြရမှာဖြစ်ပြီး အီလွန်မာ့စ်က ကုမ္ပဏီကို ဝယ်ယူရမလားဆိုတာကို တရားရုံးက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။

-Ref:BBC