ရေကြီးရေလျှံမှုကြောင့် ရေးဘေးသင့်ပြည်သူများအား သွားရောက်အားပေးစကားပြောကြားပြီး ကူညီထောက်ပံ့ ငွေများပေးအပ်

လားရှိုး ဩဂုတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ် ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးအုန်းငွေနှင့် မြို့နယ်ကော်မတီဝင်များသည် ရေးကြီးရေလျှံမှုကြောင့် ရေးဘေးသင့်ခဲ့ရသော လားရှိးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ(၂၀)မှ ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကား​ပြောကြားပြီး ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။