နျူလက်နက်အစီအစဉ်ကို မြောက်ကိုရီးယား စွန့်လွှတ်လျှင် စီးပွားရေးအကူအညီများပေးမည့်ဟု တောင်ကိုရီးယား ကမ်းလှမ်း

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို စွန့်လွှတ်ရင် စီးပွားရေး အကူအညီတွေ ပေးအပ်မယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်းဆုယိုးလ်က တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

အခုလိုကမ်းလှမ်းရာမှာ တောင်ကိုရီးယားသမ္မတဟာ မြောက်ကိုရီးယားကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ မလုပ်ဘဲ ရှောင်ရှားတာကိုလည်း တွေ့ရပါတယ်။

မြောက်ကိုရီးယားက သူရဲ့ပြည်တွင်း ကိုဗစ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားကို အပြစ်တင်ထားတာပါ။ ဒါ့အပြင် သမ္မတယွန်းက ဂျပန်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို ့လိုလားကြောင်း ပြောဆိုခဲ့ပြီး ကမ္ဘာ့နိုင်ငံသားတွေရဲ့လွတ်လပ်မှု မြှင့်တင်ဖော်ဆောင်ရာမှာ မိတ်ဖက်နိုင်ငံအဖြစ် ဂျပန်ကို ရည်ညွှန်း ပြောဆိုသွားပါတယ်။

နှစ်နိုင်ငံကြား တူညီတဲ့တန်ဖိုးတွေက သမိုင်းဆိုင်ရာ နာကျင်မှုတွေကို ကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်မှာ ဖြစ်တယ်လို့လည်း ယွန်းကပြောခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတ ဟာ ဂျပန် ကိုလိုနီပြုမှုကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်ရုံးပိတ်ရက်မှာ နိုင်ငံပိုင်ရုပ်သံကနေ အခုလို မိန့်ခွန်းပြောဆို သွားခဲ့တာဖြစ်ပါတယ်။

-Ref:Reuters