ဝင်ဘယ်ဒန်တွင် အွန်ဂျာဘာ မှတ်တမ်းသစ်ရေးထိုး

တူနီးရှားတင်းနစ်မယ် အွန်ဂျာဘာဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဂရင်းစလမ်ပြိုင်ပွဲတစ်ခုရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအာရပ်အမျိုးသမီး တင်းနစ်မယ်ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ ဆီဒင်အဆင့်-၃ ဂျာဘာနဲ့ ချက်တင်းနစ်မယ် ဘော့ဇ်ကိုဗာတို့ ဆုံတွေ့ခဲ့တာပါ။ ဘော့စ်ကိုဗာက ပထမပွဲလတ်အနိုင်နဲ့ ဦးဆောင် ကစားနိုင်ခဲ့ပြီး ဂျာဘာက နောက်ကနေအနိုင်ရအောင် ပြန်လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၄၇ မိနစ်ကြာခဲ့ပြီးနောက် ဂျာဘာက (၃း၆၊ ၆း၁၊ ၆း၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာဘာဟာ ၂၀၂၂ ခုနှစ်အတွင်း ရလဒ်ကောင်းတွေရခဲ့လို့ လက်ရှိ ကမ္ဘာ့အဆင့် ၂ နေရာမှာ ရပ်တည်နေသူပါ။ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ဖို့အတွက် အကြာကြီး စောင့်ဆိုင်း ကြိုးစားခဲ့ရတယ်လို့ အသက် ၂၇ နှစ်အရွယ် ဂျာဘာက ပွဲအပြီးမှာပြောခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဂျာဘာနဲ့ အသက် ၃၄ နှစ်အရွယ် ဂျာမနီတင်းနစ်မယ် တက်ဂျာနာ မာရီယာတို့ ဆုံတွေ့နေပါတယ်။