မန်ယူတစ်လတာ အကောင်းဆုံးဆုကို ဖာနန်ဒက်စ်ဆွတ်ခူး

ယခုလအတွက် မန်ယူ၏ တစ်လတာအကောင်းဆုံး ကစားသမားဆု ကို ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က ဆွတ်ခူးရရှိသွားခဲ့သည်။ ဖာနန်ဒက်စ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ပရီးမီးယားလိဂ်ကစားသမားဆုကို ဆွတ်ခူးရရှိထားသူဖြစ်သည်။

မန်ယူသည် မတ်လအတွင်း ပွဲစဉ်လေးပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရာတွင် သုံးပွဲအနိုင်ရကာ ရှုံးပွဲ မရှိခဲ့ပေ။ ၄င်းသည် အဲဗာတန် နှင့် သရေကျသောပွဲတွင် ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်စီးတီးအား အနိုင်ရရှိ သောပွဲတွင်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးကာ လက်စ်လင့်နှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ခြေစွမ်းပြကာ ဂိုးဖန်တီးမှုပြု လုပ်ပေးနိုင်ခဲ့၍ ရွေးချယ်ခံရခြင်းဖြစ်သည်။ Ref; Soccerway