COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေး လီဝမ်ဒေါစကီးက ယူရိုတစ်သန်း လှူဒါန်း

COVID-19 ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို တိုက်ဖျက်ရန် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးနှင့် ၎င်း၏ဇနီးအန်နာက ယူရိုတစ်သန်း လှူဒါန်းသည်။

ဘိုင်ယန်မြူးနစ်အသင်းဖော် များဖြစ်သော လီယွန်ဂိုရက်ကာ နှင့် ဂျိုရွှာကင်မစ်ခ်ျတို့က We Kick Corona ဟုခေါ်သည့် ရန်ပုံ ငွေတစ်ရပ် ထူထောင်ပြီး ၎င်းတို့ နှစ်ဦးပေါင်း ယူရိုတစ်သန်း လှူ ဒါန်းသည်။

မန်စီးတီးမှ ဂျာမနီလက်ရွေးစင်တောင်ပံကစားသမား လီရွိုင်းဆာနေးကလည်း ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သည်။

ခက်ခဲတဲ့ အခြေအနေကို ကျွန်တော်တို့အားလုံး သတိချပ်မိပါတယ်။ COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်ရေးတိုက်ပွဲမှာ တောင့်ထားကြစို့။ ကျွန်တော်တို့အနေနဲ့ တစ်ယောက်ယောက်ကို ကူညီနိုင်ရင် ကူညီကြရအောင်ပါ။ ဒီအခြေအနေက လူတိုင်းအပေါ် သက်ရောက်နေတာပါ။ ဒါကြောင့် ကျန်းမာရေးအကြံပြုချက်တွေကို လိုက်နာဖို့နဲ့ ကိုယ့်ထက်သိတဲ့၊ တတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောစကားကို နားထောင်ဖို့ ခင်ဗျားတို့ကို ကျွန်တော်တို့ ပန်ကြားပါတယ်။ တာဝန်ယူကြရအောင်ပါဟု လီဝမ်ဒေါစကီးက ပြောသည်။

We Kick Corona ရန်ပုံငွေ ထူထောင်ရေးအစီအစဉ်က ယူရို ၂ ဒသမ ၅ သန်း ရရှိထားပြီး COVID-19 ဗိုင်းရပ်စ် တိုက်ဖျက်နေသော ပရဟိတအဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် We Kick Corona ဝက်ဘ် ဆိုက်မှတစ်ဆင့် ရန်ပုံငွေများ တောင်းခံနိုင်သည်။

လူတိုင်းနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ အတူတကွ ရပ်တည်ပြီး တာဝန်ယူမှုနဲ့ ဆင် ခြင်တုံတရားပြသနိုင်ကာ တစ်ဦး ကိုတစ်ဦး ဂရုစိုက်နိုင်ရင် ဒီအ ကျပ်အတည်းထဲကနေ ရုန်းထွက် နိုင်မှာပါဟု ကင်မစ်ခ်ျက ပြော သည်။ Ref: BBC