လော့စ်အန်ဂျလိစ်မြို့၌ ပထမဆုံးဥမင်လမ်း ဖွင့်လှစ်

လော့စ်အန်ဂျလိစ်ဒေသတစ်ဝန်း အဆိုပြုထားသော မြေအောက်ပို့ဆောင်ရေးကွန်ရက်၏ စမ်းသပ်ဥမင်လမ်းအတွက် Boring ကုမ္ပဏီက ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ Tesla ကုမ္ပဏီတည်ထောင်သူ အဲလွန်မာ့စ် စကားပြောနေစဉ် (Robyn Beck / Pool via REUTERS)

 

ဘီလျံနာလုပ် ငန်းရှင်သူဌေးကြီး အဲလွန်မာ့စ် သည် လော့စ်အန်ဂျလိစ်မြို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ယာဉ်ကြောကျပ်မှုကို အမြော်အ မြင်ကြီးသော ဖြေရှင်းမှုတစ်ခုအ ဖြစ် လွန်ခဲ့သော ၂ နှစ်က စတင်ခဲ့သည့် မြေအောက်လမ်းလုပ်ငန်းစုတစ်ခုက တည်ဆောက်ပြီးစီးသည့် ပထမဆုံးဥမင်လမ်းကို ဖွင့်လှစ်ခဲ့သည်။

ယင်းဥမင်လမ်း ဖွင့်လှစ်မှုအတွင်း အခမဲ့စီးနင်းခွင့် ပေးခဲ့ သည်။

 အွန်လိုင်းမှ မိနစ် ၃၀ ကြာတိုက်ရိုက် ထုတ်လွှင့်မှုအတွင်း မာ့စ်က ၁ ဒသမ ၁၄ မိုင်ရှည်သည့် ယင်းအသစ်ဖောက်လုပ်ထားသော ဥမင်လမ်းသည် ၎င်း၏ မကြာမီက တည်ထောင်ခဲ့သော ဥမင်လမ်းလုပ်ငန်း Boring ကုမ္ပဏီက စွန့်ဦးတီထွင်ထားသည့် တန်ဖိုးနည်းအလျင်အမြန် တူးဖော်မှုနည်းပညာ အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောကြားသည်။

မာ့စ်က အမြင်ကို သက်သေထူထားသော ယင်းဥမင်လမ်းသည် အမေရိကန် ဒုတိယအကြီးဆုံးမြို့၏ စိတ်ပျက်စရာ ယဉ်ကြောကျပ်သော လမ်းအောက်တွင် တစ်နာရီ မိုင် ၁၅၀ နှုန်းအထိ ယာဉ်များ ရှောင်လွှဲသွားလာနိုင်ပြီး လမ်းဖြတ်ကူးသူများ သွားလာနိုင်မည့် မြန်နှုန်းမြင့် မြေအောက်လမ်း ကွန်ရက်တစ်ခု ဖော်ဆောင်ရေး ပထမခြေလှမ်းအဖြစ် ကြေညာခဲ့သည်။

သို့သော် ယင်းကဲ့သို့သော လမ်းစနစ်တစ်ခု ဖော်ဆောင်ရန် အဝေးကြီးလိုနေသေးသည်။

 ယင်းဥမင်လမ်းကြောင်းသစ်ကို လော့စ်အန်ဂျလိစ်မြို့အား မဖြတ်သန်းသော လမ်းတစ်ခု ဘေးတွင် တူးဖော် ဖောက်လုပ်ခဲ့သော်လည်း မာ့စ်၏ Boring ကုမ္ပဏီနှင့် ၎င်း၏ Space X ဒုံးပျံ ကုမ္ပဏီနှစ်ခုစလုံး ရုံးစိုက်ရာ ဟောသရုန်းမြို့ အနီးအနား ဒေသငယ် တစ်ခု၏ အောက်ခြေမှ ဖောက်လုပ်ထားသည်။

ယင်းဥမင်လမ်းအတွက် စုစုပေါင်း ကုန်ကျစရိတ် ကန်ဒေါ်လာ ၁၀ သန်းရှိသည်ဟု မာ့စ်က ပြော သည်။

အစဉ်အလာ အင်ဂျင်နီယာ နည်းလမ်းများသုံး၍ ဖောက်လုပ်ပါက တစ်မိုင်ရှည်သော ဥမင်လမ်းအတွက် ကန်ဒေါ်လာ တစ်ဘီလီ ယံ ကုန်ကျမည်ဖြစ်ကာ ပြီးစီးရန် သုံးလမှ ခြောက်လကြာမည်ဟု မာ့စ်ကပြောသည်။

Ref: Reuters