အပစ်အခတ်ရပ်ဆိုင်းထားမှု ပြီးဆုံးပြီဟု ဆီးရီးယားစစ်တပ် ကြေညာ

wefwefe

တစ်ပတ်ကြာ အပစ်အခတ် ရပ်ဆိုင်းထားမှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ဆီးရီးယားစစ်တပ်က စက်တင်ဘာ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို တစ်ပတ်ကြာ ရပ်ဆိုင်ထားရန် အမေရိကန်နဲ့ ရုရှားက ကြားဝင်ညှိနှိုင်းပေးခဲ့ပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနိုင်ရန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီမှာ စတင်ခဲ့တဲ့ တစ်ပတ်ကြာ အပစ်အခတ်ရပ်ဆိုင်းထားမှု ပြီးဆုံး လွန်မြောက်ခဲ့ပြီလို့ ဆီးရီးယားစစ်တပ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပစ်အခတ်ရပ်ဆိုင်းမှု သဘောတူညီချက် ကို သူပုန်တွေက ချိုးဖောက်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်က စွပ်စွဲထားပါတယ်။

ဆီးရီးယားစစ်တပ်က အပစ်အခတ်ရပ်ဆိုင်းမှု ပြီးဆုံးကြောင်း ကြေညာခဲ့အပြီး နာရီပိုင်းအကြာမှာ အကူအညီပေးရေး ယာဉ်တန်းတစ်ခုဟာ အေလက်ပိုမြို့အနီးမှာ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခံခဲ့ရကြောင်းလည်း သတင်းများ ထွက်ပေါ်လာတယ်။

အတည်မပြုနိုင်တဲ သတင်းအရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၁၂ ဦး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။ အကူအညီပေးရေး မော်တော်ယာဉ်တန်းမှာ ပါဝင်တဲ့ မော်တော်ယာဉ် ၃၁ စီးအနက် ၁၈ စီးမှာ လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ ငါးနှစ်ကြာဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူပေါင်း ၃၀၀,၀၀၀ သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Source & Photo: BBC, Reuters


Leave a Reply