မလှိုင်​ပြည်​ခိုင်​ဖြိုး Online Media မွမ်းမံ (ဆင့်​ပွား) သင်​တန်းဖွင့်​လှစ်

 


(၈.၁.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၉း၃၀) အချိန်​တွင်​ မလှိုင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ Online Media မွမ်းမံ (ဆင့်ပွား) သင်​တန်းဖွင့်​ပွဲကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​ရွှေနန်းနှင့်ဦး​ကျော်​စန်း၊ မိတ္ထီလာခရိုင်​​ကော်​မတီဥက္ကဌ ဦးထွန်းထွန်းဦးနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများဖြစ်​ကြ​သော ဦးဝင်းလှိုင်​ငြိမ်း၊ ဦး​ဇော်​​အောင်​ထက်​၊ ​မလှိုင်​မြို့နယ်​ပါတီ​ဥက္ကဌ ဦး​စိုးသိန်းနှင့်​​ကော်​မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဦး​ရွှေနန်းမှသင်​တန်းဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​သင်​တန်းနည်းပြများမှဆက်​လက်​​ဆွေး​နွေးခဲ့​ကြောင်းသိရှိရပါသည်​။

#ပြည်ခိုင်ဖြိုး #မန္တလေးတိုင်ဒေသကြီး