ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို အတိုင်ပင်ခံရုံးဝန်ကြီးခေါ်ယူတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာရာဟ်မာန်ကို စက်တင်ဘာ ၁၁ ရက်တွင်နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

အတိုင်ပင်ခံရုံးဝန်ကြီးဦး ကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့သည် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဧည့်ခန်းမ၌ ညနေ ၃ နာရီခွဲမှ စတင်၍ ၄ နာရီ မိနစ် ၂၀ အထိ တစ်နာရီခန့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကဲ့သို့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းတည် ငြိမ်အေးချမ်းရေးဆောင်ရွက်နေ မှု အခြေအနေများ၊ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးအပ်နေမှု အခြေအနေများ၊ နှစ်နိုင်ငံဆက် ဆံရေးဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် သံအရာရှိများက အကြမ်းဖက်တိုက်ဖျက် ရေးအတွက် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး ၎င်းတို့ထံ သတင်း အချက်အလက်များမျှဝေရန် မြန် မာအစိုးရအား ပြောကြားထားသည်။