ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဋ္ဌတက်ရောက်

 

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးအား ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက် ချီးမြှင့်အား ပေးခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းအေးသာစံမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာစည်းမှူးများနှင့် ဒုစည်းမှူးများ၊ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးတွင် တိုင်းဒေသကြီးပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဦးကျော်ဆန်းနှင့် ဒေါ်လှလှအေးတို့မှ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ရာ ချမ်းအေး သာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လစ်လပ်လျက်ရှိသော မြို့နယ်ပါတီကော်မတီဝင်တစ်နေရာ အား ရွေးချယ်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်ပါတီကော်မတီဝင်အဖြစ် ဦးအောင်ဆွေဝင်းအားရွေးချယ်ပြီးနောက် လစ်လပ်လျက်ရှိသည့် မြို့နယ်ပါတီဥက္ကဋ္ဌနေရာအား လက်ရှိ မြို့နယ်ပါတီကော်မတီဝင်များက လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မြို့နယ် ပါတီဥက္ကဋ္ဌအဖြစ် ဦးကျော်ကျော်ဌေးအား တင်မြှောက်နိုင်ခဲ့ပြီး ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးကို           ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။

ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေး ကျင်းပပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ချမ်းအေးသာစံမြို့နယ် ပါတီ       ကော်မတီအား အမှာစကားပြောကြား၍ မြို့နယ်ပါတီကော်မတီဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ ရွေးချယ်ပွဲမှ ပြန်လည်ထွက်ခွာခဲ့သည်။

သုတ