မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်အဖွဲ့ လေသာ ကျောင်းတိုက် တိုက်အုပ်ဆရာဘန္ဒန္တသုနန္ဒာဘိဝံသ အမှူးပြု၍ သံဃာတော်အရှင်မြတ်တို့အား ဗလာစာအုပ် ဘောပင်များ လှူဒါန်း

 

(၅.၉.၂၀၁၇) ရက်​နေ့ (၁၃း၃၀) နာရီအချိန် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးသန်စိုး နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ ပါတီဝင်လူငယ်များမှ ဒေးဝန်းအရှေ့ရပ်ကွက် ၈၇/၈၈လမ်းကြား ၃၇/၃၈လမ်းကြားရှိ လေသာကျောင်းတိုက် တိုက်အုပ် ဆရာတော် ဘဒ္ဒန္တသုနန္ဒာဘိဝံသ အမှူးပြုသော တိုက်တွင်းရှိ ရဟန်း သံဃာတော် (၉၉)ပါးအား တပါးလျှင် ဗလာစာအုပ် တစ်ဒါဇင်နှင့် ဘောပင် (၃)ချောင်းပါ တစ်ထုပ်တို့အား လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ပတ်ဝန်း ကျင်အား သန့်ရှင်းရေး ပြုလုပ်ခြင်း ကုဋီများအား ဆေးကြောသန့်ရှင်း ကုသိုလ်ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရှိရပါသည်​။

Credit