ကုန်ဈေးနှုန်းကြီးမြင့်မှု အခွန်ကောက်ခံမှုစတာတွေကို အဓိကထားပြီး ပြည်သူ လူထုကိုယ်စား လျော့ကျသွားအောင် ဆွေးနွေးတင်ပြသွားမယ်လို့ဆိုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ဝင်းနှင့် တွေ့ဆုံမေးမြန်ြး

* ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းရဲ့အမည်နဲ့ မဲဆန္ဒနယ်မြေ၊ ဝင်ရောက် ရွေးချယ်ခံဖြစ်ပုံကို သိလိုပါတယ်။

ဗဟိုဦးစီးစနစ်နဲ့ ရွေးချယ်တာမဟုတ်ဘဲ ဝင်ရောက်အရွေးခံမယ့် ကိုယ်စား လှယ်လောင်းတွေကိုယ်တိုင် ဆန္ဒပြုနိုင် တဲ့အတွက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အတွက် လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းပေးချင်လို့ ဝင်ရောက် အရွေးချယ်ခံခြင်းဖြစ်ပါတယ်။

* ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရ သက်တမ်းမှာကော ဘာများလုပ်ဆောင်ခဲ့ ပါသလဲ။ ဝင်ရောက်အရွေးချယ်ခံ တယ်ဆိုတော့ ကိုယ့်မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်ချက်တွေရှိလဲ။ ဘာလုပ်ဆောင်ပေးချင်တာများ ရှိသလဲ။

ယခင်ရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲကိုယ်စားလှယ်လုပ်ခဲ့ပါတယ်။ ၂ဝ၁ဝ မှ ၂ဝ၁၅ အတွင်း ယခင် အစိုးရ သက်တမ်းတစ်လျှောက်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလက်တွဲပြီး ဒဂုံ ဆိပ်ကမ်းမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းနိုင်ရေး၊ လယ်သမားနစ်နာမှုများ၊ ဘာသာရေးသာသနာရေးကိစ္စ များကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လယ်ယာမြေတွေ၊ ဓနိတွေ မတရားသိမ်းဆည်းခံရတဲ့ တောင်သူတွေနဲ့ လက် တွဲပြီး လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အဓိက လိုအပ် ချက်ကတော့ လျှပ်စစ်မီးပါပဲ။ ဒုတိယကတော့ လမ်းပေါ့။ အဲ့ဒါတွေကို အမြန်ဆုံးရရှိအောင် ဆောင်ရွက်သွား ချင်တယ်။

* ၂ဝ၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပါတီမှာ အပြောင်းအလဲတွေ လုပ်ခဲ့ တယ်။ သွေးသစ်လောင်းခဲ့တယ်။ မေးချင်တာကတော့ ဆရာအနေနဲ့ ယုံကြည်မှု ဘယ်လိုတည်ဆောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသလဲ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်လို မျှော်လင့်ချက်မျိုးထားပါသလဲ။

ကျွန်တော့်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီ အသင်းကြီးမှစ၍ ယနေ့ပါတီကူးပြောင်း သည်အထိ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းမှာ လယ်သမားစိုက်ပျိုးရေးစ ရိတ်ချေးတာတို့၊ ကွန်ကရစ်လမ်းခင်းတာတို့၊ ဖြိုးစေတနာ အခမဲ့ဆေးခန်း ဖွင့်ပြီး လူနာတွေကို ဆေးကုသခဲ့တာတွေ၊ မူလတန်းစာသင်ကျောင်းများ ဆောက်လုပ် ခဲ့တာတွေကို ပါတီအတွင်း ရေးမှူးနှင့် တွဲဖက်ပြီး လုပ်ဆောင်နိုင်ခဲ့သလို ကိုယ်တိုင်တင်ပြဆောင်ရွက်နိုင်ခဲ့တာကတော့ ယုဇနဥယျာဉ်မြို့တော် အထက (၂) နှစ်ထပ်ကျောင်းဆောင်သစ်နဲ့ (၉၃) ရပ်ကွက် လျှပ်စစ်မီးရရေးတို့ပဲဖြစ် ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရင်တော့ ပိုပြီးလုပ်နိုင်မှာပဲလို့ ယုံကြည်မိတယ်။ ဒေသခံလည်းဖြစ်တော့ ဒေသရဲ့လိုအပ်ချက် တွေကို ပိုပြီးတော့သိတာပေါ့။ ယခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်သူတွေ စဉ်းစားတတ်လာပြီမို့ မိမိဒေသ အကျိုးပြုမဲ့သူကို ပြည်သူတွေရွေးချယ်ကြ မယ်လို့ မျှော်လင့်ပါတယ်။

* လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်လာပြီဆိုရင် အစိုးရကို လွှတ်တော်က အပြန်အလှန်ထိန်းကျောင်း မှုတွေလုပ်ဆောင်ရတော့မယ်။ လက်ရှိလွှတ်တော်အပေါ်ရော အားရမှုတွေရှိရဲ့လား။ ဘယ်လိုများဝေဖန် အကြံပြု လိုပါသလဲ။

လက်ရှိလွှတ်တော်အနေနဲ့အခြေခံလူ တန်းစားတွေရဲ့ဘဝကို မြှင့်တင်ဖို့၊ ဆင်းရဲနွမ်းပါးကွာဟမှုတွေ လျှော့ချဖို့ကို တင်ပြ ဆွေးနွေးတာတွေ ပီပီပြင်ပြင်ဆောင်ရွက်နိုင်မှုမရှိဘူး။ ပြည်သူအတွက် လိုအပ်တဲ့အဆိုတွေ၊ တင်သွင်း ဆွေးနွေးတာတွေကိုလည်း အားလုံးလက်ခံဆွေးနွေးပေးကြပါ လို့ ပြောချင်ပါတယ်။

* ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရတာဖြစ်လို့ မဲဆွယ်စည်းရုံးတဲ့အခါဖြစ်စေ ဘာတွေများ အဆင်မပြေတာတွေ ရှိပါသလဲ။

မဲဆွယ်စည်းရုံး ဟောပြောတာတွေကို သတ်မှတ်တဲ့နေရာမှာ အသုံးပြုခိုင်း တာတော့ မဖြစ်သင့်ဘူး။ ပြည်သူတွေနဲ့ အနီးစပ်ဆုံးနေရာတွေမှာ လွတ်လပ် စွာ ပြောဆိုခွင့်ရရင်တော့ ပြည်သူတွေ ဒုက္ခမရောက်တော့ဘူးပေါ့။ အခုတော့ သတ်မှတ်တဲ့နေရာက သွားရေးလာရေး အခက်အခဲတွေဖြစ်တယ်။ ပိုဆိုးတာက ခွင့်ပြုမိန့်တွေ အများကြီး ယူရ တယ်။ ဥပမာ-စာပေဟော ပြောပွဲဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး အများကြီးတင်ရတယ်။ သုံးပတ်ကြိုတင်ရတယ်။ စည်းကမ်းချက်တွေ များတယ်။

* ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူကို ဘာများ စကားပါးချင်ပါသလဲ။ ကိုယ် ဘာ လုပ်ပေးချင်တယ်။ ဘာလုပ်ပေးနိုင်တယ် ဆိုတာကို ပြတ်ပြတ်သားသား ပြောဆိုချင်တာများ ရှိပါသလား။

ပြည်သူကိုပြောချင်တာကတော့ ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အခွန်ကောက်ခံမှု စတာတွေကို အဓိက ထားပြီး ပြည်သူလူထုကိုယ်စား လျော့ကျသွားအောင် ဆွေးနွေးတင်ပြသွားမယ်လို့ ပြောချင် ပါတယ် ခင်ဗျာ။

နေထက်ဝေ