တောင်သာပြည်ခိုင်ဖြိုး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီက ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ဆွေးနွေးပွဲအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ မြင်းခြံခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်တင်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ တောင်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန်တို့ တက်ရောက်ကြပြီး တိုင်းပါတီဥက္ကဋ္ဌ ဦးဝင်းမောင် က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲတွင် တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်ဇင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် တို့က ဦးဆောင်ဆွေးနွေး ကြသည်။

ဆွေးနွေးပွဲသို့ ရပ်ကွက်/ကျေးရွာအသီးသီးမှ ကျေးရွာခေါင်းဆောင် (၁၅၈) ဦးတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေး ပွဲကို နိုဝင်ဘာ (၂၉) (၃ဝ) နှစ်ရက်ကျင်းပခဲ့ကြောင်း သိရသည်။

ကိုပြည့်(တောင်သာ)


Leave a Reply