လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေး

လူငယ်နှင့်အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်ရုံး သင်တန်းကျောင်း ပြည်ထောင်စုခန်းမ(နေပြည်တော်)တွင် ဒီဇင်ဘာ (၁) ရက် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ် အင်စတီကျူ(ှီုဏီ) နှင့်ဒါနရှေ့ ဆောင်မြန်မာ(ဃဥြ)တို့မှ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှင့် လူငယ်ဆိုင်ရာမူဝါဒများ၊ ခေါင်းဆောင်မှု နှင့် ဆုံးဖြတ်နိုင်မှုအခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲသို့ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာကော်မတီ တာဝန်ခံ ဒေါက်တာ စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာ ကော်မတီတာဝန်ခံ ဒေါက်တာ အောင်မြတ်ဦး၊ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဒေါ်ခင်မမမျိုး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတို့မှ လူငယ်နှင့်အမျိုးသမီး ရေးရာခေါင်းဆောင်များ အင်အား (၃ဝ) တို့ တက်ရောက်ခဲ့ကြသည်။

The Union Daily


Leave a Reply