ဟင်္သာတမြို့ ကျုံတွမ်(တောင်)ရွာမလမ်း ကျောက်ကြမ်းမြေသားလမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ကျုံတွမ်(တောင်) ရွာမလမ်း ကျောက်ကြမ်းမြေသား လမ်းဖွင့်ပွဲ အခမ်း အနားကို ယခုလ ၁ဝရက် ညနေ ၆နာရီတွင် အဆိုပါလမ်း၌ပြုလုပ်ရာ လမ်းဖြစ်မြောက်ရေး မတည်အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့်ဇနီး၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် ပါတီဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များတက်ရောက်ကြသည်။

uho

အခမ်းအနားအစီအစဉ်အရ မတည်အလှူရှင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ လမ်းဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှစိန်၊ နတ်မော်တိုက်နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့က ကျောက်ကြမ်း မြေသားလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး ပါတီဗဟိုဦးဆောင် ကော်မတီ ဝင်ဦးဌေးဦးနှင့် တက်ရောက်လာသူများက လမ်းသစ်အား လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ အလှူရှင်များကိုယ်စား ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက အမှာစကား ပြောကြားရာတွင် ယခုရွာမလမ်းအား ကွန်ကရစ်လမ်းဖြစ်မြောက်ရေးအတွက် ပျံလွန်တော်မူသွားသည့် ဆရာတော် ဦးသုနန္ဒက စတင်မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော်၏ သြဝါဒ၊ ရွာသူရွာသားများ၏ ဆန္ဒ၊ ကြိုးစားအားထုတ်မှု ကြောင့် ဖြစ်မြောက်လာခြင်းဖြစ်ကြောင်း၊ အရေးပါ အသုံးဝင်သည့်လမ်းဖြစ်၍ ဝမ်းမြောက်မိကြောင်း၊ လက်ရှိနေရာ မှ ဆက်ပြီးဖောက်လုပ်သွားရန် စုပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်းသည့်ကိစ္စဖြစ်၍ မိမိအနေဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ရွာသူရွာသားများ၏ ကြိုးစားဆောင်ရွက်မှုနှင့် ဝိုင်းဝန်းကူညီကြသူများကို ကျေးဇူး တင်ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း စည်းစည်းလုံးလုံးဖြင့်ဆောင်ရွက်သွားကြရန်မှာကြားသည်။ ၄င်းနောက် လမ်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်းနှင့် ဦးမိုးနောင်တို့က ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ ကျုံတွမ် (တောင်) နတ်မော်ရွာမလမ်းအား ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော် မတီဝင် ဦးဌေးဦး၏ မတည်လှူဒါန်းငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် ပေ ၁၂ဝဝနှင့် ရွာမှစုပေါင်း၍ ၆၅၅ ပေ ဆောင် ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက မတည်လှူဒါန်းခဲ့ပြီး ရွာမှစုပေါင်း၍ ဆောင် ရွက်ခဲ့ရာ ကျောက်ကြမ်းမြေသားလမ်း အရှည်ပေ ၁၉ဝဝ ပြီးစီးခဲ့ကြောင်း သိရသည်။


Leave a Reply