စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ကျေးလက် တောင်သူကြီးများ စိုက်ပျိုးအောင်မြင်ရေး ဆက်စပ် ကူညီပေး

 

စလင်း ဇွန် ၁၇

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များသည် ကျေးလက်ဒေသ တောင်သူများ နည်းပညာသုံး၍ စိုက်ပျိုးမှုများ အထွက်တိုး အောင်မြင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ပိုင်းတွင် စလင်းမြို့နယ် မြောင်းကောက်ကျေးရွာသို့ သွားရောက်၍ ဒေသခံတောင်သူများနှင့် မြောင်းကောက်ကျေးရွာ ဓမ္မာရုံတွင် နည်းပညာ ပေးဟောပြော ဆွေးနွေးခဲ့သည်။ အဆိုပါ စိုက်ပျိုးနည်းပညာ ပေးဟောပြောပွဲတွင် မြောင်းကောက် ကျေးရွာရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးညွန့်ဝေက စီစဉ်ဆောင်ရွက် ပေးသည်။ စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ပါတီကော်မတီဝင် ဦးဝင်းခိုင်နှင့် ရွှေမြေသီးကယ်ဆီယံ အားဖြည့် ဓာတ်မြေသြဇာ အရောင်းမြှင့်တင်ရေး တာဝန်ခံ ဦးခိုင်လင်း တို့လိုက်ပါကာ တောင်သူကြီးများ စိုက်ပျိုးနေသော ဒေသထွက်သီးနှံများ စိုက်ပျိုးရာတွင် လယ်ယာမြေ များ၏ လက်ရှိအနေအထား မြေသြဇာ ပါဝင်မှုမြေဆီလွှာများ ပျက်စီးနေမှုများကို စမ်းသပ်ကိရိယာဖြင့် လက်တွေ့ သရုပ်ပြသခြင်း လယ်ယာမြေတွင် ရွှေမြေသီးဓာတ်မြေသြဇာ ထည့်ပြီး စမ်းသပ်ပြသခြင်းများကို လက်တွေ့ပြသ ဟောပြောသည်။ ရွှေမြေသီး ဓာတ်မြေသြဇာကို အသုံးပြုသဖြင့် အထွက်တိုး ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဟောပြောရာ ဟောပြောပွဲသို့ တက်ရောက်လာသော ကျေးရွာ ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဝင်များနှင့် ဒေသခံ တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ အထွက်တိုး သီးနှံစိုက်ပျိုးမှု အသိနည်းပညာ ပေးဟောပြောပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ စစ်ကြည်(စလင်း)