မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်

၁။       မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများအား လေ့လာသုံးသပ်နိုင်ရန် အတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။ စီးပွားရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်အစား နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

၂။       အဆိုပါဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အခြားသောနိုင်ငံရေးပါတီများနှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးမည့်ခေါင်းစဉ်များမှာ –

          (က)    မြန်မာနိုင်ငံစာရင်းအင်းအချက်အလက်များအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း။

          ( ခ)    နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံမှုအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း။

          ( ဂ)    ကုန်သွယ်ရေးနှင့် အခြေခံကုန်ဈေးနှုန်း။

          (ဃ)    စီးပွားရေးပိတ်ဆို့မှု ကင်းလွတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအလားအလာ။

          ( င)    ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဒါဒနှင့် နိုင်ငံတော်စီးပွားရေးပိတ်ဆို့မှု ကင်းလွတ်ခြင်းနှင့် မြန်မာနိုင်ငံ အပေါ် သက်ရောက်မှုအလားအလာ။

တို့ဖြစ်ကြောင်း သတင်းရရှိသည်။


Leave a Reply