တရုတ်နှင့်ဗြိတိန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

14196073_1751654638408370_5431223518286912067_o

ပေကျင်း စက်တင်ဘာ ၆

တရုတ်နှင့်ဗြိတိန် နှစ်နိုင်ငံတို့၌ နိုင်ငံရေးဆိုင်ရာယုံကြည်မှုကို တိုးမြှင့် တည်ဆောက်ကာ သင့်တော်သောနည်း လမ်းများဖြင့် အငြင်းပွားမှုများကို ဖြေရှင်းသင့်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဗြိတိသျှဝန်ကြီးချုပ် ထရီဆာမေအား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြား နှောင့်နှေးကြန့်ကြာနေသော ဒေါ်လာရှစ်ဘီလီယံ နျူကလီးယား စွမ်းအင်ကဏ္ဍကိုလည်း ပြန်လည်သုံးသပ် နေကြောင်း သိရသည်။

ဂျီ-၂ဝ ဆွေးနွေးပွဲ၏ သီးခြားဆွေး နွေးမှုတွင် သမ္မတရှီကျင့်ဖျင်က တရုတ် နိုင်ငံအနေဖြင့် ပိုမိုတိုးတက်ကောင်းမွန် သောဆက်ဆံရေးကို ဗြိတိန်အစိုးရသစ် နှင့် ဆက်လက်ဖော်ဆောင်ချင်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံရေးဆိုင်ရာယုံကြည်မှု တိုးမြှင့်တည်ဆောက်ရေး၊ နှစ်နိုင်ငံအကျိုး စီးပွားချဲ့ထွင်ရေး၊ သင့်တော်သော နည်းလမ်းများဖြင့် အငြင်းပွားမှုကို ဖြေရှင်းရေး စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင် အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာရေးပိုင်းတွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ ကြသည်။

နှောင့်နှေးကြန့်ကြာနေသော နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး တိုက်ရိုက်ဖော်ပြခြင်း မရှိသေးပေ။
ထရီဆာမေ တာဝန်ယူပြီးနောက် နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာတွင် နှောင့်နှေးကြန့် ကြာမှုများ ဖြစ်ပေါ်နေကာ ထရီဆာမေ အနေဖြင့် ၄င်း၏လုံခြုံရေးအကြံပေးကို ယင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ပြန်လည် စိစစ်ရန် ပြောကြားထားကြောင်း သိရသည်။

ဂျီ-၂ဝ အစည်းအဝေးတွင် တရုတ်နှင့် ဗြိတိန်ကြားနှစ်နိုင်ငံ ကုန်သွယ်ရေး ပွင့်လင်းစွာတိုးတက်ခဲ့ ကြောင်း ရှီကျင့်ဖျင်က ထရီဆာမေအား ပြောကြားခဲ့သည်ဟု ဗြိတိသျှအရာရှိ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

(ရိုက်တာ)


Leave a Reply