အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစားခြင်းသည် မင်္ဂလာတရားဖြစ်ပါ၏

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊၊ ပြည်နယ်ပါတီတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ မြစ်ကြီးနားမြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ဟူး၊ ကော်မတီဝင်များဖြစ်သော ဦးဥက္ကာ၊ ဦးကျော်သူရလင်း၊ ဦးနန်ဇိန်းအောင်၊ ဦးဂွါဆီး၊ ဦးလန်းဇုမ်း၊ ဦးလန်းဘောမ်၊ ရပ်ကွက် စည်းရုံးရေးမှူးသည် ယနေ့ (၃၀-၈-၂၀၁၆) နံနက် (၈) နာရီခွဲအချိန်တွင် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ပေးအပ်ချီးမြှင့်သည့် ကချင်ပြည်နယ် အတွင်းရှိ အသက် (၁၀၀) နှစ်အထက် အဖိုးအဖွား များအနက် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နယ်မြေ ( ၃ ) နေ အဖိုးဦးဘရန်တောင်၊ အသက် (၁၁၃)နှစ်၊ တပ်ကုန်းရပ်ကွက် နယ်မြေ (၅) ၊ ထွယ်ဆန်နေ အဖွား ဒေါ်ကရိုက် လုပါ၊ အသက် (၁၁၂) နှစ်တို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီ သွားရောက် ပေးအပ်မှုပြုခဲ့ပြီး ဆက်ကပ် ဆုတောင်းမင်္ဂလာပြုခဲ့ကြကြောင်း သိရသည်။

Credit – Nyunt Win


Leave a Reply