ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာရှိ မိဘပြည်သူ များနှင့် သွားရောက်တွေ့ဆုံ

 

မတ် ၁၀

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် ဝါးတရာကျေးရွာ အတွင်းရှိ ရပ်မိရပ်ဖများ မိမိပါတီဝင်များ၏ နေအိမ်များသို့ ယမန်နေ့ နေလည် ၁ နာရီ အချိန်တွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။ တွေ့ဆုံရာ၌ ဗဟိုအတွင်းရေးမှူးမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ပြည်ခိုင်ဖြိုး ပါတီ၏ အာမခံချက် (၁၀) ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပီး တွေ့ဆုံပွဲ တက်ရောက်လာသူများမှလည်း ကျေးရွာ အခြေအနေများ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဝါးတရာကျေးရွာရှိ မင်းမာန်နု စေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမျှော်ခဲ့ကြောင်း သိရှိရပါသည်။

ဘိုတေ(ရွှေပြည်သာ)