ရီးရဲလ်မက်ဒရစ်အသင်းတွင် ရော်နယ်ဒို(၂)ယောက်စလုံးကို တွေ့မြင်ခွင့်ရတော့မည်

14045944_1078912228870264_7045801173872531675_n

ရီးရဲလ်မက်ဒရစ် အသင်းတွင် လာမည့်စက်တင်ဘာလမှ စတင်၍ ရော်နယ်ဒို နှစ်ယောက်စလုံးကို မြင်တွေ့ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ရီးရဲလ်မက်ဒရစ်အသင်း၏ ဂန္တာဝင်ကစားသမား ရော်နယ်ဒိုသည် လာမည့်စက်တင်ဘာလမှ စတင်၍ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်၏ အကြံပေးရာထူးတာဝန်ကို စတင်ထမ်းဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၃)ကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိထားသော၊ ရီးရဲလ်မက်ဒရစ် အသင်း၏ အကောင်းဆုံး တိုက်စစ်မှုးများ စာရင်းတွင် ပါဝင်နေသည့် ရော်နယ်ဒိုအား ပီရက်ဇ်က ၎င်း၏အကြံပေးရာထူးအပြင်၊ အသင်း၏ သံတမန်အဖြစ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပွဲပေါင်း (၁၇၇)ပွဲ ကစားထားပြီး၊ ဂိုးပေါင်း (၁၀၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အသင်း၏ ဂန္တာဝင်ကစားသမား စာရင်းဝင် တစ်ဦးဖြစ်သည်။

Ref: The Sun


Leave a Reply