ကြာသပတေးဂြိုဟ်ပေါ်ရှိ ကမ္ဘာထက် ၃ ဆကြီးသော အနီရောင်မုန်တိုင်းကြီးက အပူများထုတ်လွှတ်နေ

လန်ဒန် ဇူလိုင် ၂၈

ကြာသပတေးဂြိုလ်ပေါ် ကမ္ဘာထက် ၃ ဆကြီးသော ဟာရီကိန်းမုန်တိုင်းဖြစ်သည့် အနီရောင်မုန်တိုင်းကြီးသည် ဂြိုဟ်၏ အထက်လေထုကို အပူငွေ့ဖြင့် လောင်ကျွမ်း စေလျှက် ရှိကြောင်း အာကာသပညာရှင်များက ရှာဖွေတွေ့ရှိ ခဲ့သည်။

Tay

ဟာဝိုင်အီရှိ အဝေးကြည့်မှန်ပြောင်းမှ ရရှိသော တိုင်းထွာချက်များအရ ယူကေနှင့် အမေရိကန်အဖွဲ့က ကမ္ဘာပေါ်မှာ ရှိသည့် အပူဆုံးနေရာထက် အဆရာပေါင်းများစွာ ပိုမိုပူပြင်းပြီး အပူချိန် ၁၅၀၀ ဒီဂရီစင်တီရိတ်ရှိ အပူချိန်ရှိကြောင်း သက်သေများ တွေ့ရှိခဲ့သည်ဟုဆိုသည်။

အဆိုပါ မုန်တိုင်းကြီးငည် ပါးလွှာသော အထက်လေထုလွှာအတွင်း ပျံ့နှံ့ရောက်စေနိုင်သည့် မိုးထစ်ချုံးသံ အသံ လှိုင်းများ ထုတ်လွှတ်ကြောင်း သိရသည်။

ဂြိုဟ်လေ့လာရေး သိပ္ပံပညာရှင်များက ကြာသပတေးဂြိုဟ်ကဲ့သို့သော ဓါတ်ငွေ့လုံးကြီးအတွက် စွမ်းအင် ကမောက် ကမဖြစ်မှုကြောင့် မုန်းတိုင်းဖြစ်ပေါ်လာရပြီး နေမှဝေးကွာသော အရပ်တွင်ရှိသော်လည်း နေစွမ်းအင်ထက် အထက် လေထုအပူချိန်မှာ ၃ ဆ ခန့် မြင့်တက်လျှက်ရှိသည်ဟုဆိုသည်။

Ref:BBC


Leave a Reply