မြစ်ကြီးနားပြည်ခိုင်ဖြိုး အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ စည်းရုံးရေးကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၂) ရက် နေ့လည် (၁)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်ကော်မတီဝင်များက စည်းရုံးရေး ဂွင်အလိုက် နယ်မြေသတ်မှတ်ခြင်း၊ ရေးရာဌာနများအလိုက် တာဝန်ခွဲယူခြင်း၊ ပါတီအဆင့်ဆင့်မှ ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေး ကြခြင်း တို့အား ညှိနှိုင်းဆွေးခဲ့ကြသည်။

13709982_277183939324002_8339960983400857615_n

စည်းရုံးရေးနယ်မြေ ဂွင်(၁) တာဝန်ခံအဖြစ် အတွင်းရေးမှူး ဦးလာပေါ်ဟူး၊ ဂွင်(၂) တာဝန်ခံအဖြစ် ကော်မတီဝင် ဦးဂွါဆီး၊ ဂွင်(၃)တာဝန်ခံအဖြစ် ကော်မတီဝင် ဦးနန်ဇိန်းအောင်၊ ဂွင်(၄) တာဝန်ခံအဖြစ် ဦးဥက္ကာ၊ ဂွင်(၅)တာဝန်ခံအဖြစ် ဦးမရန်ယော်ထုံ၊ ဂွင်(၆)တာဝန်ခံအဖြစ် ဦးကျော်သူရလင်း၊ ဂွင်(၇)တာဝန်ခံ ဦးစိုးညွန့်တို့အားလည်းကောင်း၊ ရေးရာဌာနအနေဖြင့် စည်းရုံးရေးရာဌာနတာဝန်ခံ မြို့နယ်အတွင်းရေးမှူး ဦးလာပေါ်ဟူး၊ စီမံရေးရာ ဌာနတာဝန်ခံ ဦးကျော်သူရလင်း၊ လူငယ်ရေးရာတာဝန်ခံ ဦးနန်ဇိန်းအောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းစိန်၊ ပညာရေးရာတာဝန်ခံ ဒေါ်မြင့်မြင့်ဝင်း၊ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဦးဥက္ကာ၊ တောင်သူလယ်သမား ရေးရာတာဝန်ခံ ဦးလန်းဇုန်း၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးဂွါဆီးတို့ တာဝန်ခွဲဝေယူကြပြီး မြို့နယ်ပါတီဥက္ကဌ ဦးညွန့်ဝင်းက ရေးရာဂွင်များအားလုံး ကွပ်ကဲရေးတို့ ညှိနှိုင်းဆွေးနွေးခဲ့သည်။

မြို့နယ်ပါတီကော်မတီဝင်များ၏ ပုံမှန်အစည်းအဝေးကို အပတ်စဉ် သောကြာ နေ့တိုင်း ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၃)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Photo – U Nyunt Win fb


Leave a Reply