ပြည်ပခရီးစဉ် ဝန်ဆောင်မှုလိုင်စင် ခွင့်ပြုပေးမှု ခရီးသွား ကုမ္ပဏီ ၂၅၅ ခုထိ ရှိဟုဆို

ပြည်ပခရီးစဉ် ဝန်ဆောင်မှု လိုင်စင်(Outbound Tour) လုပ်ကိုင်ခွင့်အဖြစ် လုပ်ငန်းလိုင်စင်များကို ယခုနှစ် ဇူလိုင်လ ၂၁ ရက်ထိ ခွင့်ပြုပေးရာတွင် ခရီးသွားကုမ္ပဏီ ၂၅၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြည်ပခရီးစဉ် ဝန်ဆောင်မှု လိုင်စင်များကို ခွင့်ပြုပေးရာတွင် လာရောက် လျှောက်ထားသော ခရီးသွား ကုမ္ပဏီများကို သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှုရှိပါက ခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ လုပ်ငန်းလိုင်စင်ဌာန တာဝန်ရှိသူတစ်ဦးပြေားကြားသည်။

“ပြောင်းလဲလာတဲ့ အစိုးရသစ် လက်ထက်မှာ တကယ်တရားဝင်လုပ်ငန်း လိုင်စင်ယူပြီး လုပ်ကိုင် ဆောင်ရွက်ဖို့ တိုက်တွန်းချင်တယ်။ ဝန်ကြီးဌာန အနေနဲ့လည်း Outbond Tour စာရင်းတွေကို သပ်သပ်စီ လုပ်ထားစေချင်တယ်”ဟု Outbond Tour လုပ်ငန်းလိုင်စင်ရ ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ဆိုသည်၊။

လက်ရှိတွင် ခရီးသွား ကုမ္ပဏီအချို့မှာ ပြည်ပခရီးစဉ် (Outbond Tour) လိုင်စင် လျှောက်ထားရယူခြင်း မရှိဘဲ သတင်းစာများ၊ လူမှုကွန်ရက် စာမျက်နှာများတွင် ပြည်ပခရီးစဉ် (Outbond Tour) များကို ကြော်ငြာဆောင်ရွက် မှုများရှိနေသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှသိရသည်။

ပြည်ပခရီးစဉ် ဝန်ဆောင်မှု လိုင်စင်(Outbond Tour) ရယူထားခြင်း မရှိဘဲ ခရီးသွားလုပ်ငန်း ဆောင်ရွက်ပါက မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၂၃ အရ ငွေဒဏ် ငါးသောင်းနှင့် ထောင်ဒဏ် သုံးနှစ် တစ်ခုခုအပြင် နှစ်ခုလုံးကို ချမှတ် အရေးယူနိုင်ကြောင်း လုပ်ငန်းလိုင် စင်ဌာန တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ အအချိန်တွင် ကုမ္ပဏီပေါင် ၁၉၈ဝကို ပြည်တွင်း ခရီးစဉ်လိုင်စင် ထုတ်ပေးပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်ပခရီးစဉ် လုပ်ကိုင်ခွင့် လိုင်စင် မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေသော လိုင်စင်မဲ့ ခရီးသွား ကုမ္ပဏီများကို ယခုနှစ် မေလအတွင်းက ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် လိုင်စင်မဲ့ ကုမ္ပဏီ ၄ဝ ကျော်ကို ခေါ်ယူ သတိ ပေးခဲ့သည်။

The Voice


Leave a Reply