ဒီမိုကရက်တစ် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိစေရန် အာဆီယံ မည်ကဲ့သို့ ဆောင်ရွက်သင့်သနည်း

အာဆီယံနိုင်ငံအများစုတွင် ကာလရှည်ဦးဆောင်ခဲ့သည့် အီလစ်များကို ဆက်လက် မြင်တွေ့နေရ ချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ အပျံသင်စ ဒီမိုကရေစီနိုင်ငံအသွင်မျိုးသာ ရှိနေသေးသည့် မြန်မာနိုင်ငံအနေဖြင့် ရှုပ်ထွေးနေသည့် ခြိမ်းခြောက်မှု များနှင့် အခွင့်အလမ်းများကို ကိုင်တွယ်ရဖွယ်ရှိသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဒေသတွင်းမူဝါဒကို တန်ဖိုးမြင့်တက် စေမည့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် ကြိုးပမ်းရမည်ဖြစ် သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရာ၌ လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနေသည့် နိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်ရာတွင်လည်း အံ့အားသင့်ဖွယ်ကောင်းသောခက်ခဲမှုများ ရင်ဆိုင် ရဖွယ်ရှိသည်။ အာဏာရှင်အုပ်ချုပ်ရေးစနစ်များ ဆက်လက်မြင်တွေ့နေရ သည့် အာဆီယံဒေသတွင် မြန်မာအစိုးရ နှင့်မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်းရှိ အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို လက်မခံသူများအား စိတ်ဓာတ် တက်ကြွမှုများဖြစ်ပေါ်စေဖွယ်ရှိသည်။

အဆိုပါအခြေအနေများသည် ဟနွိုင်း၊ ဗီယန်ကျင်း၊ ဖနွမ်းပင်နှင့် ဘန်ဒါစရီ ဘီဂါဝမ်တို့ရှိ အားကောင်းသည့် အုပ်ချုပ်သူများအား အပြောင်းအလဲဖြစ် စေနိုင်မည်လားဟု မေးခွန်းထုတ်ချင်စဖွယ်ဖြစ်နေသည်။ ထို့အပြင် ဘန်ကောက်၊ စင်ကာပူ သို့မဟုတ် ကွာလာလမ်ပူတို့ အားလည်း အပြောင်း အလဲ ဖြစ်စေမည်လားဟု စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ဒေသတွင်းမူဘောင်များနှင့် လိုက်လျော ညီထွေရှိစွာ ရှေ့ဆက်နိုင်ရန် ခြေလှမ်းစတင်ရတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးနှင့်ဆိုင်သည့်အကြောင်း အရာအချို့ကို ဖြေရှင်းနိုင်ခဲ့ မည်ဆိုပါက အပြောင်းအလဲများ လျင်လျင်မြန်မြန်ဖြစ် ပေါ်လာဖွယ်ရှိသည်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံးလွှမ်း ခြုံနိုင်သည့် ငြိမ်းချမ်းရေးသဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုလျှင် အာဆီယံဒေသတွင်း၌ အကြီးမားဆုံး မူဝါဒဆိုင်ရာအောင်မြင်မှုတစ်ရပ် ပိုင်ဆိုင်သကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ရှစ်ရာခိုင်နှုန်းဝန်းကျင်တွင် ထိန်းထားနိုင်မည်ဆိုပါက လူလတ်တန်းစား အမြောက်အမြား ပေါ်ထွက်လာမည်ဖြစ်သည်။ အခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့်ဆိုင်သော လုပ်ဆောင်ချက်များကိုပါ နိုင်ငံအခြေအနေ နှင့် ကိုက်ညီစွာဆောင်ရွက်နိုင်ခဲ့ပါက လာမည့်ရွေး ကောက်ပွဲဆီသို့ ညင်သာ စွာခရီးဆက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသည် အာဏာရှင်အုပ်ချုပ်ရေးစနစ်၏ စီမံခန့်ခွဲမှု အမှားများကို သမိုင်းထဲတွင် ထားခဲ့နိုင်ဖွယ်ရှိသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာများ နေရပ်ပြန်လာကြမည်ဖြစ်သည့်အပြင် လူငယ်ထု၏ စွမ်းဆောင်ရည်များကိုလည်း အားအဖြစ် အသုံးချခွင့်ရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးမူဝါဒ ချမှတ်သူများ သည် မြန်မာနိုင်ငံနှင့် ကိုက်ညီမှုရှိရန် အလေးပေးလာမည်ဖြစ်သည်။ အရေးကြီးဆုံးအရာတစ်ခုမှာ သူမအနေဖြင့် မြန်မာ ပြည်သူများ လက်တွေ့ ခံစားရမည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ လုပ်ကိုင် နိုင်ရန်ဖြစ်သည်။ လူဦးရေ ၆၂၅ သန်းရှိသော အာဆီယံအဖွဲ့အနေဖြင့် ဒီမိုကရက်တစ်မြန်မာနိုင်ငံ၏အလားအလာများသည် အဖွဲ့အတွက် မည်ကဲ့သို့ အကျိုးရှိစေမည်ဆိုသည်ကို သတိထား၍ စောင့် ကြည့်နေမည်ဖြစ်သည်။

ပြည့်ဖြိုးနိုင်


Leave a Reply