စစ်တွေခရိုင်ပြည်ခိုင်ဖြိုး စာသင်ကျောင်းသားများအတွက် မီးစက်လှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇွန်လ (၁၈) ရက် နေ့လည် (၁) နာရီအချိန်က စစ်တွေမြို့ ရွာသာယာကျေးရွာ ရှိ ဦးကေသာရကျောင်းတိုက်၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား (၄၂) ဦး စာဖတ်ချိန်များတွင် မီးအခက်အခဲမရှိစေရေးအတွက် ငွေကျပ် ၂၁၀၀၀၀ တန်ဖိုးရှိ မီးစက်တစ်လုံး သွားရောက်လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဘဏ္ဍာရေးမှူး ဒေါ်မြမြအေး၊ ဒေါ်ခင်မြတ်စိုးနှင့် စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်၊ စစ်တွေမြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်အေးမာခင် တို့မှ ကျောင်းတိုက်ဆရာတော် ဦးကေသာရထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးကျော်စိုး


Leave a Reply