ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျောက်တံတားတွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက် တံတားမြို့နယ်ရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကပြုလုပ်သော မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၉) ရက်နေ့ မွန်းလွဲ (၃) နာရီက ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ရှိ Hotel K Yangon ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမင်းသိမ်း၊ ဦးတင်ဝင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရေးမှူး ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင် များတက်ရောက် ကြပြီး မြို့နယ် အတွင်းရှိ ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း ထူးချွန်သူ ခြောက်ဘာသာ၊ ငါးဘာသာဂုဏ်ထူး ရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကိုကျင်းပရာ မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပါတီကော်မတီဝင်ရွေးချယ်ခြင်းဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို ခရိုင်ပါတီအတွင်းရေးမှူး ဦးနေဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပါတီကော်မတီရွေး ချယ်ပွဲပြုလုပ်ခြင်းအတွက် မဲစနစ်ဖြင့်ရွေးချယ်ခဲ့ကာ မြို့နယ် ပါတီ ဥက္ကဋ္ဌအသစ်ဖြစ်သော ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အတွင်းရေးမှူး ဦးမောင်မောင်နိုင်နှင့် ဘဏ္ဍာရေးမှူး ဦးမျိုးသိမ်း တို့အား သတ်မှတ်နည်းလမ်းနှင့်အညီ ရွေးချယ်ခဲ့ကြပြီး မြို့နယ် ပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များဖြစ်ကြသော ပထမ ဦးဆုံး ဆန္ဒမဲရရှိရွေးချယ်မှု ဦးစိုးဝင်း၊ ဦးမျိုးသိမ်း၊ ဒေါ်ဝင်းဝင်းမြင့် အပါအဝင် မြို့နယ်ပါတီ ကော်မတီဝင် စုစုပေါင်း (၁၄) ဦးကို တက်ရောက်လာကြသော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ မှဆန္ဒမဲပေးအပ်ခဲ့ကြကာ အနောက်ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးနေဝင်း က ခရိုင်ပါတီ ညီလာခံသို့ တက်ရောက်ရမည့် ပါတီညီလာခံ ကိုယ်စားလှယ်များ အမည်စာရင်းကို အတည်ပြုကြေညာခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌအသစ် ဦးစိုးဝင်းက နှုတ်ခွန်း ဆက်စကားနှင့် မြို့နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်စိန်ဝင်း


Leave a Reply