ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက် အမှုထမ်းပိုင်း ရေပြွန်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၇) ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက် အမှုထမ်းပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းထားသော
ရေပြွန်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး
လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။