သွေးထဲ သကြားဓာတ် ပမာဏများနေကြောင်းပြသည့် လက္ခဏာများ

သကြားဓာတ်သွေးထဲဝင်ရောက်ခြင်းမှ ထိန်းပေးသည့် အင်ဆူလင်မလုံလောက်ခြင်းက ခန္ဓာကိုယ်ဆဲလ်များကို စွမ်းအင်အဖြစ်သုံးဖို့ လိုအပ်သည့် ဂလူးကို့စ်မရရှိအောင် တားဆီးပေး ပါတယ်။

အနာကျက်ကြန့်ကြာခြင်း
ဒဏ်ရာ၊ နာတရတွေ သက်သာပျောက်ကင်းဖို့ ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းမွန်နေဖို့ လိုပါတယ်။ ဆီးချို ရောဂါက သွေးလွတ်ကြောနဲ့ အာရုံကြော နှစ်ခုလုံး ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ထို့ကြောင့် အနာရောဂါ သက်သာပျောက်ကင်းမှု နှေးကွေးစေပါတယ်။

ဗိုက်ပိုဆာခြင်း
ဆီးချိုရောဂါကို မထိန်းသိမ်းသေးသ၍ ခန္ဓာကိုယ်ဟာ မိမိစားတဲ့ အစားအစာကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင် စွမ်းမရှိပါဘူး။ အပြန်အလှန်အနေနဲ့ မိမိဆဲလ်တွေဟာ ဂလူးကို့စ်ငတ်နေတာကြောင့် ဗိုက်ဆာမှု ခံစားနေစေ ပါတယ်။
မကြာခဏ ဆီးသွားခြင်း

ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်အတွင်း သကြားဓာတ် လွန်ကဲမှုဖြစ်ပွားပါတယ်။ ကျောက်ကပ်အနေနဲ့ လွန်ကဲ နေတဲ့ သကြားဓာတ်ကို စစ်ယူဖို့ အချိန်ပိုလုပ်ဆောင်ရပါတယ်။ ကျောက်ကပ်မှ မနိုင်မနင်းဖြစ်တဲ့အခါ ဆီးအဖြစ် စွန့်ထုတ်ရပါတယ်။ အဲဒီအချက်ကြောင်း ဆီးခဏခဏ သွားစေပြီး ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရေငတ်တာတွေ စတင်ဖြစ်ပေါ်စေပါတယ်။
ရေငတ်ခြင်း
သွေးထဲ သကြားဓာတ်များပြားလာခြင်းက ကျောက်ကပ်ကို ဝန်ပိုပိစေပါတယ်။ ဒါ့ကြောင့် မကြာခဏ ဆီးသွားစေ ကာ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရေငတ်မှုဖြစ်စေပါတယ်။

မျက်စိမှုန်ခြင်း
ဆီးချိုရောဂါက မျက်စိဖူးယောင်စပြီး အမြင်အာရုံကို ချို့တဲ့စေပါတယ်။ မျက်စိမှုန်ဝါးတာဟာ ဆီးချိုရောဂါကြောင့် ဖြစ်တဲ့ စိုးရိမ်ဖွယ်မျက်စိရောဂါ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ ဖြစ်ပွားတတ်ပြီး သတိထားသင့်တဲ့ အဓိကမျက်စိပြသနာ ၃ ခုမှာ အတွင်းတိမ်၊ ရေတိမ်နဲ့ မျက်ကြောလွှာတို့ ဖြစ်ပါတယ်။

phothutaw.com


Leave a Reply