လက်တွေ့အသုံးချWindows Basic and Office Application Course သင်တန်း ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဖွင့်

 

ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးကွန်ပျူတာသင်တန်း ခန်းမတွင် လက်တွေ့အသုံးချ Windows Basic and Office Application Courseသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ဇန်န၀ါရီ (၂) ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ယင်းသင်တန်းဖွင့်လှစ်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဗဟိုကော်မတီ ဝင်များ ဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန် တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင် အောင်နှင့် ဒေါ်သင်းသင်းမိုး၊ PHYO Computer Training Centre မှ တာဝန်ခံ ဦးပြည့်ဖြိုးအောင် နှင့် သင်တန်း နည်းပြများ၊ သင်တန်း တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၄၂ ဦး တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းက ယခုဖွင့်လှစ်သော သင်တန်းများမှာ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် PHYO Computer Training Centre တို့ အကျိုးတူပူးပေါင်းဖွင့်လှစ်သော သင်တန်းများဖြစ်ကြောင်း၊ PHYO Computer Training Centre နှင့် ပူးပေါင်း၍ ပထမဆုံး အကြိမ် ဖွင့်လှစ်သောသင်တန်းဖြစ် သည့် အတွက် မြို့နယ်နှင့်ခရိုင် ပါတီရုံးများမှ ရုံးဦးစီးဝန်ထမ်းများကို ဦးစားပေး တက်ရောက်စေခဲ့ကြောင်း၊ Windows Basic and Office Application Course သင်တန်းကိုသင်းတန်းတစ်ချိန်လျှင် ၁ဝဦးနှုန်းနှင့် သင်တန်းသုံးချိန်ဦး ရေ ၃ဝ ဖြင့် ဖွင့်လှစ်တက်ရောက် စေခဲ့ကြောင်း၊ လူငယ်များ သက်သာသော ဈေးနှုန်းဖြင့် ကျွမ်း ကျင်ပိုင်နိုင်စွာတတ်မြောက်နိုင်ရေး အတွက် ဆက်လက်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းပြောကြားသည်။

PHYO Computer Training Centre မှ တာဝန်ခံ ဦးပြည့်ဖြိုး အောင်က သင်တန်းစည်းကမ်း များကိုပြောကြားကာ သင်တန်းနည်းပြ ဆရာမများနှင့် မိတ်ဆက်ပြီး ကွန်ပျူတာသင်ခန်းစာ များကို စတင် ပို့ချပေးသည်။

သင်တန်းများတက် ရောက်လိုပါက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သင်းသင်းစိုးဖုန်း-ဝ၉-၅ဝ၈- ၁၅၂၆၊ ဝ၁-၅၄၆၈၅၂၊ ဝ၁၄-၅၄၉၈၉၉သို့ ဆက်သွယ်စုံစမ်းကာ သင်တန်းများ တက်ရောက်နိုင်ကြာင်း သိရသည်။

စိုးမင်းသန်း