Lenovo New Glass C200 ကို CES 2017 တွင် မိတ်ဆက်ကြေညာ

တရုတ်ကုမ္ပဏီ Lenovo သည် စီးပွားဖြစ်သုံးစွဲသူများအတွက် augmented reality option ပါဝင်သော Lenovo New Glass C200 ကို CES 2017 တွင် မိတ်ဆက်ကြေညာခဲ့သည်။

 

အဆိုပါ စမတ်မျက်မှန်တွင် Linux အခြေခံ operating system တစ်ခုကို အသုံးပြုထားပြီး augmented reality (AR) နှင့် artificial intelligence (AI) software တို့ကို အသုံးပြုထားကာ စီးပွားဖြစ်သုံးစွဲသူများက အရာဝတ္ထု အမျိုးအစား ၂၀ ကျော်ကို စီမံဆောင်ရွက်နိုင်ရန်အတွက် အကူအညီပေးမည်ဖြစ်သည်။

Lenovo NBD Titan ဟုခေါ်သည့် AR software သည် သုံးစွဲသူများက စမတ်မျက်မှန် သို့မဟုတ် ဟန်းဆက် တစ်ခုမှတစ်ဆင့် content များ တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း တို့ကို ပြုလုပ်စေနိုင်မည် ဖြစ်သည်။ Lenovo NBD martin ဟုခေါ်သော AI software ကမူ အဆောက်အအုံပုံစံကားချပ်ကဲ့သို့သော စီမံဆောင်ရွက်နေသည့် ထုတ်ကုန်အမျိုးအစားကို သိရှိနိုင်သည်။

LTE ချိတ်ဆက်မှုအတွက် စမတ်မျက်မှန်ကို ဟန်းဆက်တစ်ခုဖြင့် ချိတ်ဆက်ထားရမည်ဖြစ်ပြီး သုံးစွဲသူများက New Glass ဟုခေါ်သော application တစ်ခုမှတစ်ဆင့် မျက်မှန်ကို အသုံးပြုနိုင်သည်။

Lenovo New Glass C200 ကို ၂၀၁၇ ဇွန်လတွင် အလုံးအရင်းဖြင့် စတင်ထုတ်လုပ်သွားမည်ဖြစ်သည်။ သို့သော် လည်း စီးပွားဖြစ်သုံးစွဲသူများကမူ customized မော်ဒယ်များကို ဝယ်ယူနိုင်မည်ဟု သိရသည်။

Ref: iDigitalTimes

Trend Myanmar