လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်း အမှတ်(၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးခင်မောင်အေး၊ အနောက်ပိုင်းခရိုင် ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ လမ်းမတော်ပြည်ခိုင်ဖြိုး ပါတီမှဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကွက်ကော်မတီဝင်များ ကိုယ်စားလှယ် လောင်းဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပနေသည်ကို မတ် ၁ ရက် နံနက် ၁ဝ နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မြင့်ဦး

မစိုးရိမ်ဆရာတော်ကြီးဈာပနအတွက် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ကော်မရှင်ဥက္ကဌ (ငြိမ်း) ဦးတင်အေးနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ အလှူငွေများ လှူဒါန်

 

(၂.၃.၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ (ငြိမ်း) ဦးတင်အေး၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်မောင်နှင့်တို့သည် ပြည်ခိုင်ဖြိုး အဖွဲ့များလိုက်ပါလျက် (၂၇.၂.၂၀၁၇) ညပိုင်းက ပျံလွန်တော်မူသွားပြီဖြစ် သော မစိုးရိမ်ကျောင်းတိုက် အဓိပတိမဟာနာယ သဒ္ဒမ္မနယူးပဒေသကျောင်း ဆရာတော်ဘုရားကြီး နိုင်​ငံ​တော်​သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တပဒုမာဘိဝံသ သက်​​တော်​(၈၂)၊ ဝါ​တော်​(၆၂) ဝါ၏ ရုပ်ကလပ်အား သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ဈာပနအတွက် နိုင်ငံတော်သမ္မတ (ငြိမ်း)ဦးသိန်းစိန်မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀)၊ ကော်မရှင်ဥက္ကဌ (ငြိမ်း)ဦးတင်အေးမှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း (၃၀) တို့ကို ဆရာတော်များ ထံပေးအပ်လှူဒါန်းခဲ့ပါသည်။

ဒလပြည်ခိုင်ဖြိုးပါတီမှ အခြေခံသိုင်းပညာသင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး ဒလ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာကော်မတီ မှ ကြီးမှူး၍ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်စေရေး၊ ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်နှင့်ပူး ပေါင်းကာ အခြေခံသိုင်းပညာသင် တန်းအမှတ်စဉ် (၁/၂ဝ၁၇) သင် တန်းဖွင့်ပွဲအခမ်း အနားကို မတ်လ (၁) ရက် နံနက် ၈ နာရီက ဒလမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပသည်။

အင်းစိန်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပဋ္ဌာန်းပူဇော်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် (၁၁) ကြိမ်မြောက် မေတ္တာမဟာပဋ္ဌာန်း ၂၄ နာရီ ပူဇော်ပွဲကို ယမန်နေ့နှင့် ယနေ့ကျင်းပရာ အင်းစိန်မြို့နယ်အောင် ဆန်းမဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၁၅ ပါးတို့က ပဋ္ဌာန်းဒေသနာကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အား နိုင်ငံတစ်ဝန်းမှ ပြည်သူ၃ဝဝဝကျော် ဂါရဝပြုတွေ့ဆုံမည်

 

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အား ယခုလ ၅ရက် တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၃ဝဝဝ ကျော်က လာရောက် ဂါရဝပြုတွေ့ဆုံမည်ဖြစ်ကြောင်း ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ပါတီဌာနချုပ်တွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဗဟိုကော်မတီဝင်များက ပါတီဝင်နှစ်စဉ်ကြေး ပေးအပ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ပါတီဌာနချုပ်တွင် တွဲဖက်တာဝန်ထမ်းဆောင် လျက်ရှိသော ဗဟိုကော်မတီဝင်များက ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စည်းရုံးရေးရာဌာနကြီးတာဝန်ခံဗဟိုအတွင်းရေးမှူး ဒေါက်တာဦးကျော်ကျော်ဌေးက ပေးအပ်ပြီး စီမံရေးရာဌာနကြီးတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က လက်ခံခဲ့သည်။
အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်

မီးဘေးသင့် ပြည်အိမ်ထောင်စုများအား မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့ကူညီ

 

(၂၇.၂.၂၀၁၇)နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် နေအိမ်များ ဆုံးရှုံးသွားသော မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွှံ့ပန်းအုပ်စုရှိ အိမ်ထောင်စု (၁၉)ထံသို့ (၂၈.၂.၂၀၁၇) နေ့လည်ပိုင်းတွင် မိုးကုတ် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘဌေး ဦးဆောင်သောအဖွဲ့မှ သွားရောက်အားပေးစကား ပြောကြားပြီး အိမ်ထောင်စုတစ်စုလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၅၇၀၀၀၀) ကျပ် ထောက်ပံ့ကူညီခဲ့ ကြောင်း သိရသည်။

လပတ် ပုံမှန် အစည်းအဝေး နှင့် ပါတီဝင် နှစ်စဉ်ကြေး ပေးအပ်ပွဲကျင်းပ

 

ကျိုက်ထိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ လပတ်အစည်း အဝေးနှင့် ပါတီဝင် နှစ်စဉ်ကြေး ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ တွင်ကျင်းပခဲ့ပါသည်။

ဒဂုံ(အရှေ့) ပြည်ခိုင်ဖြိုး ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ အမာခံပါတီဝင်များ အင်အား (၄၅) ဦးတို့သည် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဖေဖေါ်ဝါရီလ (၂၈)ရက် နံနက် (၈) နာရီအချိန်မှ နေ့လည် (၁၂) နာရီခွဲအချိန်ထိ အမှတ် (၁၄) နှင့် (၁၅) ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း စည်းရုံးရေး (door to door) ဆောင်ရွက်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်(၁/၂ဝ၁၇)သင်တန်းဖွင့်လှစ်

 

ကယားပြည်နယ် ဖရူဆိုမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှကြီးမှူး၍ မဲရုံကိုယ် စားလှယ်/အကူ ကိုယ်စားလှယ် သင်တန်း(၁/၂ဝ၁၇)ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ ၁၅မိနစ်က ဖရူဆိုမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။