နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အား နိုင်ငံတစ်ဝန်းမှ ပြည်သူ၃ဝဝဝကျော် ဂါရဝပြုတွေ့ဆုံမည်

 

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်အား ယခုလ ၅ရက် တွင် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၃ဝဝဝ ကျော်က လာရောက် ဂါရဝပြုတွေ့ဆုံမည်ဖြစ်ကြောင်း ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းအတွင်းရေးမှူး ဦးအောင်ပိုင်မင်းက ပြောကြားသည်။

”လာရောက်ဂါရဝပြုဖို့ စာရင်းပေးထားတာက ၃၂ဝဝ လောက်ဖြစ်သွားပြီ။ ၃၂ဝဝ လောက်ဖြစ်သွားပြီဆိုတော့ အများကြီးမလျော့နိုင်ဘူး။ ဒီနေ့မှ နေပြည်တော်ပေးတာ။ နေပြည်တော်ဧရိယာတင် လက်ရှိ ၈ဝဝ လောက်ရှိ မယ်။ နေပြည်တော်ကတော့ အကုန်လုံးတက်မယ်။ ရန်ကုန်က တော့ ၃ ရက်နဲ့ ၄ ရက်လောက်မှလာပေးမှာ။ ကျွန်တော်တို့ သတ်မှတ်ထားတာက ၃ဝဝဝ ဝန်းကျင်လောက်လာမယ်” ဟု ၄င်းကပြောသည်။

ဆက်လက်၍ ၄င်းက”လူငယ်တွေကလည်း တောင်း ဆိုတာပါတယ်။ ရွှေပြည်တော်ဆုံမှတ်ကို စထောင်လိုက်က တည်းက ဒီနှစ်လည်း အဘကြီးကို ကန်တော့ချင်ကြတယ် ဆိုတဲ့အသံတွေက အများကြီးရှိတယ်။ ကျွန်တော်တို့က လည်း ပရဟိတလုပ်တယ်ဆိုတော့ ကျွန်တော်တို့အသင်း တစ်သင်းတည်း မဟုတ်ပါဘူး။

အဘကြီးရဲ့နာမည်အောက်မှာ အဘကြီးကို ချစ်ခင်လို့၊ လေးစားလို့ ဆိုပြီး တော့ လုပ်နေကြတဲ့သူတွေ အများကြီးရှိတယ်။ အဲ့လိုလူငယ် တွေအားလုံးက အဘကြီးကို ကန်တော့ချင်တယ်ဆိုပြီး တောင်းဆို လာတယ်။

ပူဆာလာတဲ့အနေအထားပေါ့။ ကျွန်တော်တို့အနေနဲ့လည်း အဘကြီးကို လွန်ခဲ့တဲ့နှစ်ပြောခဲ့တဲ့ ဆုံးမစကားနဲ့အညီ လူငယ်တွေ ဘယ်လောက်ထိ နားထောင်လဲ။ လူကြီးတစ်ယောက် ဆုံးမသြဝါဒ တွေကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်စွမ်းရှိသလဲဆိုတာ သူ့ကိုပြန်ပြစေချင်တယ်။ လူငယ်တွေရဲ့ဆန္ဒနဲ့အညီ ကန်တော့ခွင့် ပြန်တောင်းတာပေါ့။ အဘကြီးက လည်း ကြည်ကြည်ဖြူဖြူဝမ်းပန်း တသာနဲ့ ခွင့်ပြုပေးတယ်”ဟု ပြောသည်။
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် နိုင်ငံတော်တာဝန်ယူစဉ် ၂ဝ၁၆ ခုနှစ် မတ်လတွင် နိုင်ငံအဝန်းမှ ပြည်သူ ၁၈ဝဝခန့်လာရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။

”တကယ်တမ်း နိုင်ငံတော်သမ္မတကြီးဖြစ်နေတဲ့အချိန်မှာတောင် မှ ၂၂ဝဝ လောက်စာရင်းသွင်းပြီးတော့ ၁၈ဝဝလောက်ပဲ လာနိုင် တယ်။ ဒါပေမဲ့ ဒီနှစ် ဘာအာဏာမှ လက်ရှိမရှိတော့သော်ငြားလည်း စာရင်းပေးသွင်းမှုက ၃၂ဝဝ ရှိနေပြီ။ အဲ့ဒီအထဲမှာလည်း ပျက်ကွက်မဲ့ သူကအင်မတန်နည်းပါတယ်။ အခုချိန်ထိလည်း အကြောင်းအမျိုးမျိုး ကြောင့် နောက်ကျလို့လိုက်ချင်နေတဲ့သူ တွေကလည်း အများကြီးရှိ ပါတယ်။ အခုချိန်ထိညှိနှိုင်းနေရတုန်းပါပဲ”ဟု ဦးအောင်ပိုင်မင်းက ပြောသည်။

ဆက်လက်၍ ၄င်းက ”ဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားရတာက တော့ လူပုဂ္ဂိုလ်ရဲ့ အာဏာပေါ်မှာမူတည်ခြင်းမရှိဘူး။ အာဏာလက်ရှိ ဖြစ်စေ၊ အာဏာလက်မဲ့ ဖြစ် စေ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ သြဇာ တိက္ကမသည် ပြည်သူလူထုအပေါ် ထားတဲ့ စေတနာ မေတ္တာ၊ အဲ့ဒီ စေတနာမေတ္တာပေါ်မှာ အခြေခံပြီး လုပ်ဆောင်တဲ့ သူ့ရဲ့မှန်ကန်တဲ့ လုပ်ဆောင်ချက်၊ အဲ့ဒီလုပ်ဆောင်ချက်ကသာ လျှင် သြဇာတိက္ကမဆို တာပဲလို့ပြောချင်ပါတယ်”ဟု ပြောသည်။

ယူဒီနေ