ဒဂုံ(အရှေ့) ပြည်ခိုင်ဖြိုး ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များ၊ အမာခံပါတီဝင်များ အင်အား (၄၅) ဦးတို့သည် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဖေဖေါ်ဝါရီလ (၂၈)ရက် နံနက် (၈) နာရီအချိန်မှ နေ့လည် (၁၂) နာရီခွဲအချိန်ထိ အမှတ် (၁၄) နှင့် (၁၅) ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း စည်းရုံးရေး (door to door) ဆောင်ရွက်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။