ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရပါက ရခိုင်တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်ဖြင့် ရှေ့ဆက်သွားမည်

ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့်မရသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် ရရှိရေးအတွက် အကြို လူထုဆွေးနွေးပွဲများ ပြုလုပ်နေပြီး ကျင်းပခွင့်မရပါက ရခိုင်တစ်မျိုးသားလုံး၏ ဆုံးဖြတ်ချက်များကိုရယူပြီး ရှေ့ဆက်သွားရန်သာရှိကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ (more…)


စင်ကာပူတွင် ကြားဖြတ် ရွေးကောက်ပွဲအတွက် ၁၃၅ ဦး မဲပေး၊ ၄၂ ဦး ပျက်ကွက်

ဧပြီလ ၁ ရက်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဆန္ဒမဲပေးရာ မဲပေးခွင့်ရှိသူ ၁၇၇ ဦးအနက် ၁၃၅ ဦး မဲပေးပြီး ၄၂ ဦး ပျက်ကွက်ကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံသား ဒေါ်မေကျော်စိုးညွန့်က The Voice သို့ ပြောကြားသည်။ (more…)


ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း မဟုတ်ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ် သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်

ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း မဟုတ်တော့ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ (more…)


အခွန်ပေးရမည့်သတင်းကြောင့် ရွှေအဝယ်လိုက်

လာမည့်ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့တွင် ရွှေဝယ်ယူခြင်းအတွက် အခွန် ၁ ရာခိုင်နှုန်း စတင်ပေးဆောင်ရ မည့်အတွက် ယခုရက်ပိုင်းအတွင်း ရွှေဝယ်ယူမှု ယခင်ကထက် များပြားကြောင်း ရွှေ လုပ်ငန်း ရှင်များထံမှ သိရသည်။ (more…)


ပြည်တွင်း ခရီးစဉ်နှုန်းထားများ ဒေါ်လာနှင့် မကြော်ငြာရန် ဗဟိုဘဏ် ခေါ်ယူသတိပေးမည်

ပြည်တွင်းခရီးစဉ်များကို အမေရိကန် ဒေါ်လာနှုန်းထားနှင့် ရောင်းချရန်ကြော်ငြာနေသည့် ခရီးသွားကုမ္ပဏီများကို ယင်းသို့မပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခေါ်ယူသတိပေးပြောဆို မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။ (more…)


စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည့် ကျပ် ၅၀၀ တန် ထီစာအုပ်များကို ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ထုတ်ပေး လျက်ရှိပြီး အရန်ထီလက်မှတ် စာအုပ်များအား ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ထုတ်ပေးမည်

ကျပ် ၅၀၀ တန်ထီစာအုပ်များကို ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ထုတ်ပေးလျက်ရှိပြီး ကျပ် ၅၀၀ တန် အရန်ထီ လက်မှတ် စာအုပ်များကို ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ထုတ်ပေးသွား မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သတင်းရရှိသည်။ (more…)


ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့၌ ကျင်းပခွင့်ရရေး ညှိနှိုင်းနေ

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ကျင်းပခွင့်ရရှိရေး ညှိနှိုင်းနေ ကြောင်း သတင်းရရှိသည်။ (more…)


၂၇ နှစ်အတွင်း နှစ်ကြိမ်တိုင် ဖျက်သိမ်းခံထားရသည့် ရခိုင်ပါတီ တတိယ အကြိမ် ပြန်လည်မှတ်ပုံတင်မည်

နှစ်ပေါင်း ၂၇ နှစ်တာကာလအတွင်း နိုင်ငံရေးပါတီ အဖြစ်မှ နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချူပ် ALD ကို ယခု ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် တတိယအကြိမ်မြောက် အဖြစ် မှတ်ပုံနိုင်ရန် စီစဉ်နေကြောင်း ပါတီသစ်ဖွဲ့စည်းရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။ (more…)


ပဲခူးတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ငူမြို့တွင် ပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို တောင်ငူမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ (more…)


စည်းကမ်းတင်းကျပ်၍ စိစစ်ခွင့်ပြုနေခြင်းကြောင့် ကားအရောင်းပြခန်းဖွင့်လှစ်မှု လျော့ကျလာ

ကားအရောင်းပြခန်းဖွင့်လှစ်ရန် လာရောက်လျှောက်ထားသူများကို စိစစ်ပြီးမှသာ ခွင့်ပြုနေခြင်းကြောင့် ဖွင့်လှစ် ခွင့်ချထားသည့် အရေအတွက် လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ လစဉ်အရောင်းပြခန်းဖွင့်လှစ်ရန် လာရောက်လျှောက်ထားသည့် အရေအတွက် ငါးခုမှ ၁၀ ခု ထက်မနည်းရှိသော်လည်း  ခွင့်ပြုပေးနှုန်းမှာ တစ်လလျှင် သုံးခုမှ  ငါးခုအထိသာ အများဆုံးဖြစ်သည်ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ (more…)