ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးစောမော်ထွန်း သည် တိုင်းအတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးရဲမြင့်ထွန်း ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုး တို့လိုက်ပါလျှက် ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကျေးစည်းမှူး အမှုဆောင်များနှင့်တွေ့ဆုံ၍ ပါတီတွင်းဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး/လူငယ်ရေးရာ တွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ/ လူငယ်ရေးရာ တွေ့ဆုံပွဲကို ဒီဇင်ဘာ (၂၁) ရက်က ထန်းတပင်မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ တွေ့ဆုံပွဲကို တောင်ငူခရိုင်ပါတီ အတွင်းရေးမှူး၊ တောင်ငူခရိုင် အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာ တာဝန်ခံများ၊ ထန်းတပင်မြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ရေးရာကဏ္ဍအလိုက် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးမြို့ အထက(၃) မြတ်ဆရာပူဇော်ပွဲတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီဝင် သူရဦးအေးမြင့်သည် အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အထက (၃) YMBA ကျောင်းဆောင်တွင် ကျင်းပသည့် ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်း ၁၉၆၁-၆၂၊ ၁၉၆၂-၆၃၊ ၁၉၆၃-၆၄၊ ၁၉၆၄-၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏ အဋ္ဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။

thura-u-aye-myint

(more…)


ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်မတည်ငြိမ်မှုများ ပေါ်ပေါက်နေခြင်းအပေါ် တည်ငြိမ်အေးချမ်းမှု ဖြစ်ပေါ်လာရေး အတွက် တာဝန်ယူကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မှုအတွက် အတွေ့အကြုံရှိသည့် အားလျော်စွာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ မနက်ပိုင်းက ပြောသည်။

14681716_442118842629915_5534935110395038199_n

(more…)


ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

လစဉ်ပါတီပုံမှန်အစည်းအဝေးနှင့် လုပ်ငန်းစဉ်များဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင်၌ သြဂုတ်လ (၁၁) ရက် နံနက် ၉ နာရီတွင် မျက်နှာစုံညီလစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်ခဲ့သည်။

မိုင်းတုံပြည်ခိုင်ဖြိုးပါတီကော်မတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီအတွင်းရေးမှူး ဦးစိုင်းအောင်ကြည် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များသည် ယနေ့ (သြဂုတ် ၄ ရက်) နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ် များအတွက် ပါတီရံပုံငွေသုံးစွဲခွင့် စီမံချက်များချပြပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်မည့် အကျိုးပြုလုပ်ငန်းများ အမြန်ဆောင်ရွက်သွားကြရန် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီမျက်နှာစုံညီစည်းဝေး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေး အခမ်းအနားကျင်းပ

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး (အရှေ့)မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ရေးအခမ်းအနားကို ကျင်းပခဲ့သည်။

Bago East2

(more…)


ပဲခူးခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေး တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်တို့ တက်ရောက်

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၁) ရက် နံနက် (၉) နာရီက ခရိုင်ပါတီကော်မတီဝင်များ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ရေးအခမ်းအနား ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်း က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးမြတ်ဟိန်းနှင့် တိုင်းပါတီ အကြံပေး ဦးကြင်သိန်းတို့က ဆောင်ရွက်ကြသည်။

Bago District2 Bago District3

(more…)


ကျောက်တံခါးပြည်ခိုင်ဖြိုးပါတီ သစ်ပင်စိုက်ပွဲပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ကျောက်တံခါး ပြည်ခိုင်ဖြိုးပါတီသည် ယခုလ ၁၆ ရက် နံနက် ၈နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၈၇/၆ တွင် သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

Kyauk T aKhar

(more…)