ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ် ခရိုင် မြို့နယ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံ

 

ဘားအံ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ပါတီ ဒေါနခန်းမတွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တွေ့ဆုံပွဲခန်းမအတွင်း ဝင်ရောက်ရာ တွင် တက်ရောက်လာသူများကို လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းများအား စနစ်တကျဆောင် ရွက်စေပြီး ခန်းမအတွင်း၌ ထိုင်ခုံများကို (Social Distancing) ခေါ် လူတစ်ဦးနှင့်တစ်ဦး သုံးပေခြား ထိုင်နည်းစနစ်များအား စနစ်တကျပြုလုပ်ပြီး အခမ်းအနားစတင်ခဲ့သည်။

ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ဘားအံမြို့နယ် ကျေးရွာများတွင် ပါတီဆိုင်းဘုတ်တင်၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန် ဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်တို့သည် ယမန်နေ့ နံနက် (၈း၃၀) အချိန် ဘားအံမြို့နယ် ကျုံမသွယ် ကျေးရွာအုပ်စု ရွှေလူကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ရပ်မိရပ်ဖများ၊ပါတီဝင် များစုစုပေါင်း (၆၀) ဦးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး နံနက် (၁၀း၃၀) အချိန်တွင် အီဟယ်ကျေးရွာ အုပ်စု နော်နော့ဝါးကျေးရွာတွင် ပါတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ရပ်မိရပ်ဖများ၊ ပါတီဝင်များ စုစုပေါင်း (၁၁၅) ဦးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး နံနက် (၁၁း၃၀) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ နီ နီ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းနီနီအေး ပြည်နယ်ခရိုင်နှင့် မြို့နယ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 

ဘားအံ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဖာပွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက လွှတ်တော်အတွင်း တွေ့ကြုံရသည့်အခြေ အနေများ၊ အခြေခံဥပဒေပြင်ဆင်ရေး အချက်များအား သတင်းအမှန်သိရှိရေးအတွက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်ရှိ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီ ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော် ကော့ကရိတ်မြို့နယ် ကျေးရွာများမှ ဆရာတော်များအား ဖူးမြော် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ကော့ကရိတ် ဖေဖော်ဝါရီ ၎

ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာသို့ရောက်ရှိကာ ကမ်းနီပရိယတ္တိကျောင်းကြီး ဆရာတော်အား ဖူးမြော်၍ အလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကမ်းနီကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ပါတီဝင် မခင်ရှင်း နေအိမ်၌ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ၊ ပါတီ အောင်နိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျုံဒိုးမြို့ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

 

ကော့ကရိတ်၊ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ရေကြီးနစ်မြုပ် မှုဒဏ်ခံစားခဲ့ရသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ရေဘေးသင့် ပြည်သူများအား ကျုံဒိုးမြို့ ဓမ္မသုခရသေ့ကျောင်း၌ သြဂုတ်လ ၂၀ ရက်နေ့ မွန်လွဲ ၃ နာရီခွဲအချိန်က ကူညီကယ်ဆယ်ရေး ပစ္စည်းမျာအား ပေးအပ်လှူဒါန်းခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး

 

မြဝတီ၊ သြဂုတ် ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆာင်သော ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ဒေသတွင် ကျင်းပပြုလုပ်သော
အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပညာရည်ချွန် ဆုချီးမြှင့်ခြင်းနှင့် အစည်းအဝေး ကျင်းပ

 

ဘားအံ သြဂုတ် ၎

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

ဘားအံ ဇူလိုင် ၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်ပါတီရုံး၌ ပြုလုပ်သော လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ သည်။

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 

ဖာပွန် ဇွန် ၂၃

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့် ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်း နိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ နာယကများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း (၂/၂ဝ၁၉) သင်တန်းဖွင့်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းသို့ တက်ရောက် စာကြည့်တိုက်သို့ လှူဒါန်း

 

ကော့ကရိတ် မေ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မိဂလုံကျေးရွာ ပါတီရုံးခွဲတွင် ကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၂/၂ဝ၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်က တက်ရောက် အမှာစကား ပြောကြားခဲ့သည်။