အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး

 

မြဝတီ၊ သြဂုတ် ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆာင်သော ပါတီဗဟိုအလုပ်အမှုဆောင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ဒေသတွင် ကျင်းပပြုလုပ်သော
အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အထိမ်းအမှတ်ဂုဏ်ပြု လက်ဆောင်အား နယ်ခြားစောင်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူထံသို့ ပေးအပ်ခဲ့သည်။

အခမ်းအနားအပြီးတွင် ပါတီဥက္ကဋ္ဌမှ ထာဝရသစ္စာ သီချင်းဖြင့်ဖျော်ဖြေ ပေးခဲ့ကြသည့် တိုင်းရင်းသား ကလေး ငယ်များအား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ၉ နှစ်မြောက်တပ် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဦးစိုးနိုင်၊ ဦးသူရိန်ဇော်၊ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့ တက်ရောက်အားပေး ခဲ့ကြသည်။