ပါတီဝင်နှစ်စဉ်ကြေးကောက်ခံ

 

ယနေ့4-4-2017 ရက်နေ့နေ့၁နာရီတွင် ပါတီဝင်စီစစ်ရေးနှင့် ပါတီဝင် နှစ်စဉ်ကြေးကောက်ခံခြင်းဆောင်ရွက်ရာ – မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ရွာသစ်ကြီးကျေးရွာမှ ပါတီဝင်အမာခံများအား ဒု -စည်းမှူး ဦးအောင်တင်ဝင်း နေအိမ်တွင် ပါတီဝင်ကြေးများ ကောက်ခံရာ အဆိုပါ ဆောင်ရွက်ချက်အား မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း ဟိုပင်ဒေသတာဝန်ခံ ဦးမြဝင်း ၊ ဒေသကော်မတီ ဦးစောအေးလွင် ၊ လူငယ်ကေဒါ ဦးအောင်ကိုဝင်း ၊ ဒေါ်မြမြဌေးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ဝိုင်းမော်မြို့နယ် ပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာစည်းရုံးရေးအဖွဲ့နှင့် တွေ့ဆုံ

 

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်ကျော်အောင် ဦးဆောင်သော မြို့နယ်ကော်မတီအဖွဲ့သည် (၂-၄-၂၀၁၇)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၁) ကျေးရွာသို့ သွားရောက်ပြီး အောင်မြေ (၁)ကျေးရွာ စည်းရုံးရေးအဖွဲ့နှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Usdp Kachin


#အထွေထွေကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ(ဟိုပင်)

 

ယနေ့မတ်လ ၂၇ နေ့မနက်၉နာရီတွင် မိုးညှင်းမြို့နယ် ဟိုပင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဟိုပင်ပြည်ခိုင်ဖြိုး ရုံးတွင် ခရိုင်ကော်မတီဝင် ဦးဖုန်းမြင့်၊ ဟိုပင်တာဝန်ခံ ဦးမြဝင်း ၊ မြို့နယ်ကော် မတီဝင် ဒေါ်သန္ဒာဝင်းမောင်နှင့် အရန်ဒေါ်ဝါဝါဆွေ၊ ဒေသကော်မတီ ဦးစောအေးလွင်၊ ဦးမင်းအောင်၊ ဦးဇော်မောင်မောင်လတ်နှင့် ရပ်ကျေး စည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

မြစ်ကြီးနားမြို့နယ် ပါတီဝင်များတွေ့ဆုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အင်အားစိစစ်ရေး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပါတီဝင်များတွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

(more…)


တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူများအား ခေါက်ဆွဲခြောက်ထုပ်နှင့်ကွေကာအုပ်ထုပ်များထောက်ပံ့

 

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစော မိုးကျော်နှင့် ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဗန်းမော်မြို့ အလက(၁)(အထက-ခွဲ)၌တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေ ဆိုသော ကျောင်းသားကျောင်းသူ များအာဟာရပြည့်ဝစေပြီး Óဏ် ရည်Óဏ်သွေးထက်မြက်ကောင်းမွန် စေရေးအတွက် ခေါက်ဆွဲခြောက် ထုပ်များနှင့်ကွေကာအုပ်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဆရာမ များ၊ ကျောင်းသားကျောင်းသူများ ကအသီးသီးလက်ခံယူခဲ့ကြသည်။

မိုးကောင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးကောင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍စီးပွား ရေးဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ သဘာပတိမြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌဦးထွန်းထွန်းအောင်က အမှာ စကားပြောကြားသည်။

အင်းတော်ကြီးပဋ္ဌာန်းပွဲ ပြည်ခိုင်ဖြိုးပါဝင်နွှဲမည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ရေလယ်ဘုရား မဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲ ဝေယျာ ဝစ္စလုပ်ငန်းများ ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးနှင့် (ပထမအကြိမ်) အလှူငွေ ပေးအပ် လှူဒါန်းပွဲကို ဖေဖော်ဝါရီ (၁၈) ရက်က မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

 

(more…)


မိုးညှင်းမြို့နယ်နှင့်ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များလုပ်ငန်းညှိနှိုင်းစည်းဝေး

 

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်ရပ်/ကျေးပါတီ ခေါင်းဆောင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာခရိုင်ပါတီဥက္ကဋ္ဌ ကော် မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ရပ်/ကျေးခေါင်း ဆောင်များ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြသည်။

ပြည်နယ် /ခရိုင် /မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (ပထမ) နေ့ကျင်းပ

 

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး
ရေးပါတီ ပြည်နယ်/ခရိုင်/မြိုနယ် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (ပထမနေ့) ကို (၈-၂-၂၀၁၇) ရက်နေ့၊ နံနက်(၉)နာရီတွင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ တွင် စတင်ကျင်းပခဲ့ကြောင်း၊ အစည်း အဝေး သို့
ကချင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံနှင့်ပြည်နယ်
ကော်မတီဝင်များ၊ အရန်ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဌများစုစုပေါင်း(၄၅)ဦးတက်
ရောက်ခဲ့ကြောင်း၊မနက်ဖန်တွင် ဒုတိယနေ့ အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သာသနာရေးလက်မနှေးတဲ့ မိုးညှင်းပြည်ခိုင်ဖြိုး

 

ယနေ့ဖေဖော်ဝါရီလ ၂ရက်နေ့မနက်၁၀း၃၀အချိန်တွင် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင်များ ဟိုပင်ဒေသပါတီဝင်များ ပဌာန်းတွင် နေ့ဆွမ်းကပ်လှူဒါန်းသည်။

မိုးညှင်းမြို့နယ် ဟိုပင်ဒေသ မြို့မတောင်ရပ်ကွက်ရှိ လောကမာန်အောင် ရွှေဘုန်းရောင်ဘုရားကြီးတွင် မိုးညှင်မြို့ခရိုင် အရန်ကော်မတီဝင် ဦးဖုန်းမြင့် မြို့နယ်တွင်းမှူးဦးဌေးဝင်း ဟိုပင်ဒေသတာဝန်ခံဦးမြဝင်း အရန်ကော်မတီဒေါ်ဝါဝါဆွေ လူငယ်ကေဒါ ဦးအောင်ကိုဝင်းတို့ပဌာန်းတွင် နေ့ဆွမ်းနှင့် အချိုပွဲများ ကပ်လှူခဲ့ကြောင်းသတင်းရရှိသည်။

မိုးညှင်းပြည်ခိုင်ဖြိုး