မြစ်ကြီးနားမြို့နယ် ပါတီဝင်များတွေ့ဆုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အင်အားစိစစ်ရေး လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပါတီဝင်များတွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော် မတီဝင် မြစ်ကြီးနားမြို့နယ် တာဝန်ခံဦးတင်မောင်ဝင်းက အမှာစကား ပြောကြားခဲ့ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရေးမှူး ဦးလာပေါ်ဟူးက ပါတီဝင်စိစစ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အစည်းအဝေးသို့ မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးတင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ဟူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးများ၊ အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

EPN