တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူများအား ခေါက်ဆွဲခြောက်ထုပ်နှင့်ကွေကာအုပ်ထုပ်များထောက်ပံ့

 

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစော မိုးကျော်နှင့် ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဗန်းမော်မြို့ အလက(၁)(အထက-ခွဲ)၌တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေ ဆိုသော ကျောင်းသားကျောင်းသူ များအာဟာရပြည့်ဝစေပြီး Óဏ် ရည်Óဏ်သွေးထက်မြက်ကောင်းမွန် စေရေးအတွက် ခေါက်ဆွဲခြောက် ထုပ်များနှင့်ကွေကာအုပ်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဆရာမ များ၊ ကျောင်းသားကျောင်းသူများ ကအသီးသီးလက်ခံယူခဲ့ကြသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသောကျောင်းသားကျောင်းသူ များမှာ ဗန်းမော်မြို့နယ် မအူပင် အထက(ခွဲ)မှကျောင်းသားခုနစ်ဦး၊ ကျောင်းသူ ၁၆ ဦး၊ မံမလင်း အထက(ခွဲ)မှကျောင်းသား ၁၂ ဦး၊ ကျောင်းသူ၂၇ဦးစုစုပေါင်းကျောင်း သား ကျောင်းသူ ၆၂ ဦးနှင့် ကြီး ကြပ်ဆရာမ ၁၁ဦးတို့ကိုထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ