မိုးညှင်းမြို့နယ်နှင့်ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များလုပ်ငန်းညှိနှိုင်းစည်းဝေး

 

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်ရပ်/ကျေးပါတီ ခေါင်းဆောင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာခရိုင်ပါတီဥက္ကဋ္ဌ ကော် မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ရပ်/ကျေးခေါင်း ဆောင်များ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်သဘာပတိ ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလုပ် အမှုဆောင်ကော်မတီဝင် ဦးစိုးဝင်း က ပကတိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးဆိုင်ရာ အခြေအနေများ ကိုလည်းကောင်း၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းကဗဟို/ ပြည်နယ် ပါတီ၏လမ်းညွှန်ချက်များကိုလည်း ကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်စိုးက ရပ်/ကျေးအလိုက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာ သောရပ်/ကျေးပါတီခေါင်းဆောင် များကမိမိတို့ရပ်ကျေးအုပ်စုအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် အခက် အခဲများကိုတင်ပြကြရာ မြို့နယ် ကော်မတီဝင် ဦးတင်ညွန့်(နန်းမား ဒေသတာဝန်ခံ)၊ဦးမြင့်သန်း (မိုး ညှင်းဒေသတာဝန်ခံ)၊ ဦးမြဝင်း (ဟိုပင်ဒေသတာဝန်ခံ)၊ဦးမောင်မောင် (အင်းတော်ကြီးဒေသတာဝန်ခံ)တို့ ကပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ ကြပြီးသဘာပတိ ပြည်နယ်ပါတီ အလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုးဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို မွန်းလွဲ ၃နာရီခွဲတွင် ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

စိုင်းဝင်း(အင်းတော်ကြီး)