ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတမြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧရာဝတီတိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့် တွေ့ဆုံပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်ဇနီးတို့အားအမှူး ထား၍ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းရေဘေးဒုက္ခသည်များအား လှူဒါန်း။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကြီးနှင့် ညောင်ဦးခရိုင်/ညောင်ဦးမြို့နယ် ၊ဆယ်လံကျေးရွာရှိ ရေးဘေးသင့်ပြည်သူများ အိမ်ခြေ (၂၃၅) အိမ် ၊ အိမ်ထောင်စု (၂၉၈ )အိမ်ထောင်တို့အား ဆန်၊ဆီနှင့် ခေါက်ဆွဲခြောက်များပေးဝေလှူဒါန်းခဲ့ကြောင်း
သိရသည်။

Kohtein Win


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေသအသီးသီးရှိ ရေဘေးသင့်ပြည်သူများသို့ ကူညီထောက်ပံ့မှု အခြေအနေ


မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကူညီထောက်ပံ့မှု အခြေအနေ


ထားဝယ်ခရိုင်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ (၃) ရက် မွန်းလွဲ (၁) နာရီက ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဒေါ်ခင်မာချို၊ ဦးလှရှိန်၊ ဒေါ်ရီသန်း၊ ဦးကျော်ဝင်း (၃)၊ ဦးညီညီအေး စုစုပေါင်း (၇) ဦးနှင့် ပါတီရုံးဝန်ထမ်း (၄) ဦး တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်မြစ်ကြီးနား ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ၏ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို( ၅- ၈-၂၀၁၆) ရက်နေ့ နံနက် (၇) နာရီ တွင်မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဌဂုရု ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသ အမှူးပြု သော ဆရာတော်ကြီး (၉ )ပါး ကြွရောက်တော်မူကြပြီး ယင်းအခမ်းအနားသို့ ပါတီဗဟို ဒုတိယဥက္ကဌသူရဦးအေးမြင့်၊ဗဟိုအကြံပေး ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်၊ပြည်နယ်ဥက္ကဋ္ဌဦးလဂျွန်ငန်ဆိုင်း နှင့်တကွ ပြည်နယ်၊ခရိုင်၊မြို့နယ်ကော်မတီဝင်များ၊မြစ် ကြီးနားမြို့နယ်မှပါတီဝင်များတက်ရောက်ကြကြောင်း၊ လှူ ဒါန်းပွဲအခမ်းအနားကို အခမ်းအနားအစီအစဉ်များ အတိုင်းဆောင်ရွက်ခဲ့ကြပါသည်။

မလှိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မလှိုင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်ခင်လှသိန်းက ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး တွဲဖက်အထွေထွေ အတွင်းရေးမှူး တက်ရောက် အားပေး

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့ ၊ နံနက်(၉)နာရီချိန် ပြည်နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ဗဟိုပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ ပြည်နယ် ကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း/သစ်) များ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂုဏ်ပြုဆုရရှိသူများ အင်အား စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့သည်။

ဧရာဝတီမြစ်ရေကို အံတုဖို့ ပြည်ခိုင်ဖြိုးတို့ ကူညီစို့….

ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ (သြဂုတ် ၄ရက်) နံနက် (၇) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မရမ်းချောင်းရေကာတာ ကမ်းထိမ်းခြင်းလုပ်ငန်းစဉ်များကို ပူးပေါင်းကူညီဆောင်ရွက်နေစဉ်….

Credit – Aung Ko Phyo


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း၊ အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင် သားသမီးများအား ပညာရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ ညနေ(၄)နာရီအချိန် တွင် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃာဒါနဆွမ်းလောင်း အသင်း ဓမ္မာရုံ၌ ပြုလုပ်သော အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲ နှင့်အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။

New Picture (1)

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်း အသင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားနေစဉ်

(more…)