မလှိုင်မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မလှိုင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်ခင်လှသိန်းက ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်စိုးစိုးသန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေးထောက်ပံ့ ပေးနိုင်မှုအခြေအနေများကို ရှင်းပြခဲ့ပြီးနောက် မြို့နယ် ပါတီကော်မတီဝင် တစ်ဦးချင်းက သက်ဆိုင်ရာကဏ္ဍအလိုက် မိတ်ဆက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ရပ်/ကျေးစည်းရုံးရေး မှူးများ တွေ့ဆုံဆွေးနွေးပွဲကို လစဉ် ၃ရက် နေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်စု ၅၆အုပ်စုမှ စည်းရုံး ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Leave a Reply