မြိတ်ပြည်ခိုင်ဖြိုးပါတီ အာဇာနည်နေ့အခမ်းအနား လွမ်းသူ့ပန်းခွေချခြင်းနှင့် ချီတက်အလေးပြု
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် နှင့် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၆၉) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ မြိတ်မြို့အာဇာနည်ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်၌ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ချီတက်အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း များကို မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းဆွေ နှင့် မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်တို့ ဦးဆောင်မှုဖြင့် ပါတီဝင်များ တက်ရောက်ချီတက် အလေးပြုခဲ့ကြသည်။