မယ်စဲ့မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍အမျိုးသမီးညီလာခံအကြိုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခြင်း

 

မယ်စဲ့ – အောက်တိုဘာ ၁၆

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် အမျိုးသမီး ညီလာခံ အကြိုတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပရာတွင် မယ်စဲ့မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီး အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ် ပါသည်။
အခမ်းအနားကို အခမ်းအနားမှူးအဖြစ် မယ်စဲ့မြို့ နယ်၊ ပြည်ခိုင်ဖြိုးပါတီဝင် ဒေါ်မူကြာဝင်းက တာဝန်ယူဆောင် ရွက်ကြသည်။
ပထမဦးစွာ ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ ပါသည်။
ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေးက ဗဟိုအမျီုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့်အစီအစဉ်နှင့် မြို့နယ် အမျိုးသမီးညီလာခံ တွေ့ဆုံပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
ဆက်လက်ပြီး (က) မြန်မာအမျိုး သမီးများနှင့် မြန်မာ့နိုင်ငံရေး အခန်းကဏ္ဍမြှင့်တင်ရေး၊ (ခ) အမျိုး သမီးများ၏ ဘ၀လုံခြုံမှု ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ (ဂ) အမျိုးသမီး ထုအတွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ထိန်းသိမ်းရေး၊ အမျိုးသမီးများ ၏ အခွင့်အရေး များကို ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ (ဃ) အမျိုးသမီးပါတီ ၀င်အသစ်များစုဆောင်း ရေးနှင့် ၂၀၂၀ပြည့်ရွေး ကောက်ပွဲ အောင်နိုင်ရေးစာတမ်းများ ဆွေးနွေး ကြပါသည်။
ထို့နောက် တက်ရောက်လာသည့် အမျိုးသမီးများ သိရှိလိုသည်ကို မေးမြန်းပြီး ပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဒေါရစ်လေးက ပြန်လည်ရှင်းလင်းဆွေးနွေး ကြပါသည်။ ထို့အတူ ဆွေးနွေးသည့်ခေါင်းစဉ် လေးခုမှ ဆွေးနွေးချက်များ၊ အကြံပြုချက်များ တွေ့ရှိချက်များကို မှတ်တမ်းတင်ထားပြီး မယ်စဲ့ မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဌ ဦးလောရင်းက အခမ်းအနားကို နိဂုံးချုပ်အမှာစကား ပြောကြားကာ ပြည်ခိုင်ဖြိုး လာပြီ သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်း ပါသည်။
အခမ်းအနားသို့ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေး၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးအေးရွှေ(ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးရဲဝင်း၊ ဒေါ်မော်မော်ခိုင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ ဘောလခဲခရိုင်ပါတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်လှယ် ဦးအေးမောင်နှင့် ခရိုင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ရှားမြာနှင့် ခရိုင်ကော်မတီဝင်များ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယကများ၊ မြို့နယ်ပါတီဥက္ကဌ ဦးလောရင်း၊ မယ်စဲ့မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်အေးအေးထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီအမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၀) ဦး တက်ရောက်ပြီး နေ့လည် (၁၂း၀၀) နာရီ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ